Ad P1
Ad P2

The World Will Tremble (2025)

Premium By Shine Design With Shroff Templates
Poster
⭐️6.7


ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် ဒုတိယကမ္ဘာစစ် နောက်ခံ သမိုင်းဇာတ်ကားလေးဖြစ်ပါတယ်။
နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက် အပြီးမှာ ဂျူးလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။
မီခေး၊ ဝုဖ် နဲ့ ရှောလမွန်တို့ ဟာ နာဇီအလုပ်စခန်းမှာ အလုပ်လုပ်ရမယ်လို့ လိမ်ညာခေါ်ဆောင်ခံခဲ့ရပြီး တကယ်တမ်း ရောက်သွားတဲ့အချိန်မှ အလုပ်စခန်းမဟုတ်ဘဲ လူသတ် စခန်းဖြစ်နေမှန်းသိခဲ့ရပါတယ်။
ဒီလိုနဲ့ သေမထူးနေမထူး ဘဝတွေမို့ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။
ထွက်ပြေးတယ်ဆိုတာလည်း အပြောကသာ လွယ်ပေမဲ့ နာဇီတွေပတ်လည်ဝိုင်းနေတဲ့ နယ်မြေမှာ ထွက်ပြေးဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပါ။
ဒီလိုနဲ့ သူတို့တွေ ဘယ်လို လွတ်မြောက်အောင် ကြိုးစား ကြမလဲ။ အသည်းတအေးအေးနဲ့ စိတ်ဝင်စားဖွယ်ပါပဲ။
ဒီရုပ်ရှင်လေးမှာတော့ သမိုင်းအဖြစ်အပျက်တွေကို လက်တွေ့ကျကျတင်ဆက်ပြသထားတာမို့ ဒုတိယကမ္ဘာစစ် အတွင်းက ပိုလန်နိုင်ငံ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြန်လည် မြင်‌ယောင်ခံစားမိစေမှာပါ။
ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာမို့ စိတ်ဝင်စားဖို့ လည်းကောင်းပြီး ကြည့်ရတာ နောင်တမရစေမဲ့ ဇာတ်ကားလေး တစ်ကား ဖြစ်ပါကြောင်း ...




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open