ကြမ်းကြုတ်ရက်စက်မှုတွေ၊ မေတ္တာတရားတွေ၊ လိမ်လည်လှည့်ဖျားမှုတွေ၊ ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်
ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီး သတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများ မကြည့်သင့်ပါဘူး
အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်
ဇာတ်ကားက အစပိုင်းလောက်မှာ (ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်) နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ) ကြည့်ရှုမိမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်