ပဟေဠိဆန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ မိန်းမနှစ်ယောက်က မွေးတဲ့ ကလေးတစ်ယောက်စီ ပြန်ဆုံကြပြီး သူတို့အဖေနဲ့ တိုက်တန်သတ္တဝါကြီးတွေကို လေ့လာစောင့်ကြည့်တဲ့ မိုနာ့အဖွဲ့အစည်းကြားက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိကြပုံကို ဇာတ်လမ်းဆင်ထားတာပါ။
Apple TV ရဲ့ နာမည်ကျော် Severance ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာ Chris Black ကပဲ ဒီ ရှိုးကို တာဝန်ယူထားပါတယ်။ စီဂျီအိုင်ကောင်းကောင်း ဆက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းပြီး မင်းသမီးလေးတွေလည်း လန်းတာမို့ နိုဝင်ဘာလအတွက် စောင့်ကြည့်စရာ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
======================================
Season 2 ထွက်ရှိလာပါပြီ။ Season 1 ရဲ့ အဆက်ကိုမှ ပိုမိုက်တဲ့ အက်ရှင်တွေ၊ ပိုရှုပ်ထွေးတဲ့ ဇာတ်ကွက်တွေနဲ့ ဆက်ပြီး ဆွဲခေါ်သွားမှာပါ။
ဇာတ်လမ်းအကျဉ်း...
Season 1 နောက်ဆုံးမှာ Cate, May နဲ့ အသက်မကြီးသွားတဲ့ အဖွားဖြစ်သူ Keiko တို့ သုံးယောက် Axis Mundi (မွန်းစတားကမ္ဘာ) ကနေ လွတ်လာပြီး Kong ရှိတဲ့ Skull Island ပေါ် ရောက်သွားကြပါတယ်။ ဒီ Season 2 အစမှာတော့ သူတို့ကိုကယ်ဖို့ ဟိုဘက်မှာ အနစ်နာခံပြီး ကျန်ခဲ့တဲ့ Lee Shaw (Kurt Russell) ကို ပြန်သွားကယ်ဖို့ ကြိုးစားကြတာကနေ ဇာတ်လမ်းစထားပါတယ်။
ဒါပေမဲ့ အဲဒီလို ကယ်ဖို့ကြိုးစားရင်းနဲ့ မထင်မှတ်ဘဲ 'Titan X' လို့ခေါ်တဲ့ ပင်လယ်ကြမ်းပြင်က အကောင်ကြီးတစ်ကောင်ကို လူ့ကမ္ဘာထဲ အမှတ်မထင် လွှတ်ပေးလိုက်မိသလို ဖြစ်သွားတယ်။ အဲဒီမှာတင် ပြဿနာတွေ စတက်တော့တာပါပဲ။ တစ်ဖက်မှာလည်း Monarch အဖွဲ့နဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apex Cybernetics တို့ကြားက အားပြိုင်မှုတွေက ပိုပြင်းထန်လာပါတယ်။
ဒီ Season မှာလည်း အရင်လိုပဲ အချိန်ကာလ နှစ်ခုကို ပြန်သွားလိုက်၊ ပစ္စုပ္ပန်ကို ပြန်လာလိုက်နဲ့ ပြသွားဦးမှာပါ။ ၁၉၅၀ ပြည့်လွန်နှစ်တွေက လူငယ် Lee, Keiko နဲ့ Bill Randa တို့ သုံးယောက် ဒီ Titan X နဲ့ ဘယ်လို ကြုံတွေ့ခဲ့ရလဲ ဆိုတဲ့ အတိတ်က ဇာတ်ကြောင်းတွေကိုပါ သေချာ ကြည့်ရမှာပါ။
ပြီးတော့ အသက်မကြီးဘဲ ပြန်ရောက်လာတဲ့ Keiko တစ်ယောက် သူ့ထက်တောင် အသက်ပိုကြီးနေပြီဖြစ်တဲ့ သားဖြစ်သူ Hiroshi၊ မြေးတွေဖြစ်တဲ့ Cate နဲ့ Kentaro တို့နဲ့ ဘယ်လို ပြန်ပြီး အသားကျအောင် နေထိုင်မလဲဆိုတဲ့ မိသားစု ဒရာမာပိုင်းတွေကိုလည်း သေချာလေး ရိုက်ပြထားပါတယ်။
ဒီ Season 2 က အရင် Season 1 ထက်စာရင် Monster တွေ (အထူးသဖြင့် Kong နဲ့ အကောင်သစ် Titan X) ကို ပိုပြီး မြင်ရဖို့ ရှိတယ်။
ဇာတ်လမ်းကလည်း Monster တွေ ချတာချည်းပဲ သက်သက်မဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ နောက်ခံသမိုင်းကြောင်းတွေကိုပါ ဇာတ်ရှိန်မြှင့်ပြီး ဆွဲခေါ်သွားတာမို့ တော်တော်လေး ကြည့်ကောင်းပါတယ်။
အပိုင်း ၁၀ ပိုင်း ပါဝင်မှာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း ထွက်ရှိသွားမှာပါ။