Ad P1
Ad P2

The Mask of Zorro (1998)

Premium By Shine Design With Shroff Templates
Poster
⭐️6.8


၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တကယ်ကြည့်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။
စပိန်မင်းသား Antonio Banderas ရဲ့ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Catherine Zeta‑Jones ရဲ့အလှအပကိုလည်း ခံစားနိုင်မှာပါ။
Sir ဘွဲ့ရ မင်းသားကြီး Anthony Hopkins နဲ့ Stuart Wilson တို့က ဇာတ်ကိုဆွဲခေါ်နိုင်တာကြောင့် ဇာတ်လမ်းဆုံးတဲ့အထိ မထတမ်းကြည့်စေချင်မယ့် ကားမျိုးပါ။
Steven Spielberg က ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့တာကြောင့် မကောင်းမှာမပူရပါဘူး။

ဇာတ်လမ်းကတော့….

၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။
ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ထွက်ပြေးတော့မယ့်အခန်းနဲ့စပါတယ်။ အဲဒီ ဒေသကို စပိန်တွေအုပ်စိုးခဲ့စဉ်တစ်လျှောက် ပြည်သူတွေကိုနိုင်ထက်စီးနင်းလုပ်ခဲ့တာကြောင့် ဇောရိုးဆိုတဲ့မျက်နှာဖုံးရှင်လူစွမ်းကောင်းက စပိန်အစိုးရကို တော်လှန်ပြီး ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ပါတယ်။
ဒါကြောင့် ဒွန် ရာဖေယဲလ်ဟာ ထွက်ပြေးခါနီးဆဲဆဲမှာ ဇောရိုးကို သုတ်သင်နိုင်ဖို့ အစီအစဉ် တစ်ခုဆွဲခဲ့ပါတယ်။ ဒါပေမယ့် မင်းသားတို့ ညီအကိုက ကူညီပေးခဲ့လို့ အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။ ဒွန် ရာဖေယဲလ်ဟာ ဇောရိုးဘယ်သူလည်းလို့ ရိပ်မိသွားလို့ သွာဖမ်းတဲ့အခါ ဇောရိုးတစ်ဖြစ်လည်း စပိန်လူကြီးလူကောင်းဖြစ်တဲ့ ဒွန် ဒီယေဂိုဟာ ချစ်လှစွာသော ဇနီးသည်ကိုဆုံးရှုံးရတဲ့အပြင် သမီးလေးကိုလည်း ရန်သူရဲ့ခေါ်ဆောင်သွားခြင်းခံရပါတယ်။
သူကိုယ်တိုင်လည်း ထောင်ထဲမှာ အနှစ် ၂၀ လောက် အကျဉ်းချခံတဲ့ ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒါက ပထမပိုင်းဇာတ်လမ်းပါ။ ဒုတိယပိုင်းဇာတ်လမ်းကတော့ အဲဒီအဖြစ်အပျက်တွေ ဖြစ်ပြီး နောက်နှစ်ပေါင်း ၂၀ လောက်အကြာမှာ ကာလီဖိုးနီးယားကို စပိန်တို့ ပြန်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။
မြို့တော်ဝန်အဖြစ် ဒွန် ရာဖေယဲလ်ပြန်ရောက်လာပြီး ပြည်သူတွေကို မညှာမတာနှိပ်စက်ကာ ရွှေထုတ်ယူရာမှာ အသုံးချ ခဲ့ပါတယ်။ အကျဉ်းကျနေခဲ့တဲ့ ဒွန် ဒီယေဂိုလည်း လွတ်မြောက်အောင် ထွက်ပြေးလာခဲ့ပြီး သူ့ကိုကူညီခဲ့ဖူးတဲ့ ညီအကိုနှစ်ယောက်တည်းက ညီဖြစ်တဲ့ မင်းသားနဲ့တွေ့ပြီး ဇောရိုးဘဝကို လက်ဆင့်ကမ်းပေးခဲ့ကာ ပြည်သူတွေကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Nyi Nyi Kyaw Myint မှ တင်ဆက်ထားပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open