Ad P1
Ad P2

The Witcher: Sirens of the Deep (2025)

Premium By Shine Design With Shroff Templates
Poster
⭐️6.9


ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ ပူပူနွေးနွေး ထွက်ရှိထားတဲ့ The Witcher စီးရီးရဲ့ စွန့်စားခန်းသစ်တစ်ပုဒ်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝစ်ချာ ဂါးရတ် နဲ့ သီချင်းသည် Jaskier တို့ဟာ ယန်နီဖာနဲ့ ခွာပြဲပြီး နှစ်ယောက်တည်း ခရီးဆက်လာရင်း ကုန်းစပ်ရေစပ်တိုင်းပြည်တစ်ခုကို ရောက်ရှိလာပါတယ်။ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေဟာ ပင်လယ်ပြင်ကို အမှီပြုပြီး ငါးဖမ်း၊ ပုလဲရှာကာ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ ဒီတိုင်းပြည်နဲ့ မနီးမဝေးက ရေအောက်ကမ္ဘာထဲမှာ ရေသူမတွေ နေထိုင်တဲ့ တိုင်းပြည်တစ်ခုလည်း ရှိပါတယ်။ ဒီတိုင်းပြည်နှစ်ခုဟာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး ကုန်းမြေက မင်းသားလေးနဲ့ ပင်လယ်က တော်ဝင်ရေသူမလေးတို့ကလည်း အပြန်အလှန်ချစ်ကြိုက်နေကြပါတယ်။ ဒါပေမဲ့ ဝစ်ချာတို့ ရောက်ပြီးမကြာပါဘူး၊ ပုလဲငုပ်သမားတစ်စုဟာ ရေအောက်မှာ ရက်စက်စွာ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကြောင့် ကုန်းမြေနဲ့ ပင်လယ်ပြင်ကြား ဆက်ဆံရေး တင်းမာလာပါတယ်။ ငြိမ်းချမ်းရေး ပျက်ပြားလုနီးပါး ဖြစ်လာတဲ့အတွက် ဘုရင်ကြီးက ဒီပြဿနာကို ဖြေရှင်းဖို့ ဝစ်ချာကို ငှားရမ်းလိုက်ပါတယ်။ ဒီတော့ Geralt နဲ့ Jaskier တို့ဟာ ဒီအမှုနောက်ကွယ်က လက်သည်ကို ဘယ်လိုဖော်ထုတ်မလဲ၊ ဘယ်သူက ငြိမ်းချမ်းရေးကို ပျက်ပြားစေချင်တာလဲ၊ ဘယ်လိုသတ္တဝါမျိုးက ပါဝင်ပတ်သက်နေလဲဆိုတာကို မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open