ဂျက်စီ တစ်ယောက် ဘာဆက်ဖြစ်သွားသလဲ ဆိုတာပါပဲ။
အခုဇာတ်ကားဟာ အဲဒီမေးခွန်းကို အဖြေပေးဖို့နဲ့ ဆယ်စုနှစ်တစ်ခုစာ အမှောင်ကျခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ "ဒုတိယအခွင့်အရေး"ကို ရင်နင့်စရာပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ သာမန်အက်ရှင်ကားတစ်ကားထက် ပိုပါတယ်။
ဒါဟာ အမှားပေါင်းများစွာနဲ့ ဘဝပျက်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့ "လွတ်မြောက်ခြင်း" နဲ့ "အတိတ်ကိုရင်ဆိုင်ခြင်း"ကို ဖော်ကျူးထားတာပါ။
နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ သံတိုင်တွေနောက်ကွယ် ဆယ်စုနှစ်တစ်ခုစာ အကျဉ်းကျခဲ့တဲ့ ဂျက်စီတစ်ယောက် လွတ်လပ်ခွင့်ရတဲ့နေ့မှာ သူအလိုချင်ဆုံးက"ပျော်ရွှင်မှု"မဟုတ်ပါဘူး။ "သူ့ဘဝသူ ပြန်ရှာတွေ့ဖို့" ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ကံကြမ္မာက သူ့ကို လွတ်လပ်ခွင့်ဆီအသွား လမ်းခုလတ်မှာတင် ရက်စက်တဲ့ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပြန်ပါတယ်။
ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာရဲ့ ဝိုင်းရံပိတ်ဆို့မှုကြားကနေ သားကောင်တစ်ယောက်လို ထွက်ပြေးနေရတဲ့ဂျက်စီရဲ့ စက္ကန့်နဲ့အမျှ အပြိုင်လုတိုက်ပွဲဝင်ရပုံတွေက သင့်ကို ရင်တထိတ်ထိတ် ဖြစ်နေစေမှာအမှန်ပါပဲ...