Ad P1
Ad P2

Six Days, Seven Nights (1998)

Premium By Shine Design With Shroff Templates
Poster
⭐️5.9


ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။ မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open