Ad P1
Ad P2

The Fortress (2017)

Premium By Shine Design With Shroff Templates
Poster
⭐️6.8


ဒီတစ်ခေါက်မှာတော့ Lee Byung-Hun, Kim Yun-Seok, Park Hae-Il, Go Soo, Park Hee-Soon အစရှိတဲ့ ထိတ်ထိတ်ကြဲ
မင်းသားကြီးများစွာ ပါဝင်သရုပ်ဆောင်ထားပြီး မန်ချူး ကျူးကျော်စစ်ကာလအကြောင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမဲ့ နန်းတွင်းကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

- ဇာတ်လမ်းအကျဉ်း -

၁၆၃၆ ခုနှစ် ဂျိုဆွန်းဘုရင် အင်ဂျို အုပ်စိုးတဲ့လက်ထက်မှာ ချင်အင်ပါယာရဲ့ စစ်တပ်က ကျူးကျော် တိုက်ခိုက်လာတဲ့အတွက်ကြောင့် ဘုရင်အင်ဂျိုနဲ့ သူ့ရဲ့ သစ္စာခံအမတ်တွေက နမ်ဟန်ခံတပ်ထဲကို တိမ်းရှောင်ခိုလှုံခဲ့ကြရပါတယ်။
ရန်သူ့စစ်တပ်က ခံတပ်ကြီးကို အပြင်ကနေ ပိတ်ဆို့ဝိုင်းရံထားတဲ့အတွက် ကြာလာတော့ ဂျိုဆွန်းစစ်သည်တွေကလည်း အအေးဒဏ်၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကို အလူးအလိမ့် ခံစားလာရပါတော့တယ်။
ဒီလို အကျပ်အတည်းတွေကြောင့် အမတ်ကြီးတွေကြားမှာလည်း ခဏတာ အရှက်ကို သည်းခံပြီး စစ်ပြေငြိမ်းမှုယူပြီးတော့ တိုင်းပြည်နဲ့ ပြည်သူတွေကို အသက်ဆက်ခွင့်ပေးမယ်ဆိုသူတွေက တစ်ဖွဲ့...
ရန်သူ့ခြေတော်ရင်းမှာ ဒူးထောက်မဲ့အစား အဆုံးအထိ အသေခံတိုက်ခိုက်ပြီး တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်သွားမယ်ဆိုသူများက တစ်ဖွဲ့နဲ့ သဘောထားတွေ စတင် ကွဲလွဲလာကြတဲ့အခါမှာတော့...
ဂျိုဆွန်းလူမျိုးတွေ အဆုံးမှာ ဘာကို ရွေးချယ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open