Ad P1
Ad P2

Dark Nuns (2025)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


သဘာဝလွန် ဇာတ်လမ်း အမျိုးအစားကိုမှ “Global Hit”အဖြစ် စံချိန်တင်ခဲ့ပြီး၊ ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Song Hye Kyo, Jeon Yeo Been, Lee Jin Wookတို့နဲ့ Moon Woo Jinတို့ ပါဝင်ထားတဲ့ Dark Nuns ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေး ဟီးဂျွန် (Moon Woo Jin)ဟာ ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပေါ်မှာ မတူညီတဲ့ အမြင်‌တွေ ရှိနေကြတာကတော့ သီလရှင် ယူနီယာ (Song Hye Kyo)နဲ့ ဖာသာပေါလ် (Lee Jin Wook)ပါပဲ။
ဟီးဂျွန်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့ အတွက် သီလရှင် ယူနီယာက အပနှင်ပွဲ ပြုလုပ်ချင်ပေမဲ့ ဖာသာပေါလ်ကတော့ ဆေးပညာကိုသာ အားထားရမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေခဲ့ပါတယ်။
ဝိညာဉ်တွေရဲ့ တီးတိုးစကားသံကိုပါ ကြားနိုင်စွမ်း ရှိတဲ့ သီလရှင် ယူနီယာတစ်ယောက် ယူဆချက် မတူတဲ့ ဒီလို အခြေအနေတွေ ကြားကနေ ဟီးဂျွန်ကို ကယ်တင်ဖို့ အတွက် ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုတော..
ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားပေးကြပါဦး။
(ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open