Grand Price ရသွားတဲ့အထိ လူကြိုက်များခဲ့တဲ့ Netflix ရဲ့ နာမည်ကြီးရှိုးတစ်ခုဖြစ်တဲ့
Culinary Class Wars ဟာ ယခုမှာတော့ season 2 ထွက်ရှိလို့ လာပါပြီ။
Season 1 တုန်းကလိုပဲ နာမည်ကြီးစားဖိုမှူး Baek Jong-Won နဲ့ Michelin ကြယ်သုံးပွင့်ရ စားဖိုမှူး
Anh Sung-Jae တို့မှ အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ထားပြီး နယ်ပယ်အသီးသီးက ဟင်းချက်ကျွမ်းကျင်သူ
“Black Spoon” စားဖိုမှူး အယောက် ၈၀ ဟာ “White Spoon” တွေဖြစ်တဲ့ နာမည်ကြီးစားဖိုမှူး
အယောက် ၂၀ နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဟင်းချက်စွမ်းရည်ကို ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။
ရှေ့ season မှာလည်း သစ်လွင်ဆန်းသစ်တဲ့ ဟင်းလျာပေါင်းစုံ ပါဝင်ခဲ့တာမလို့ ဒီတစ်ခေါက် season 2 မှာလည်း
ဘယ်လို ဟင်းလျာမျိုးတွေကို ပြိုင်ဆိုင်ချက်ပြုတ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။