Ad P1
Ad P2

Wonder Man (2026)

Premium By Shine Design With Shroff Templates
Poster
⭐️6.2


ကဲ... Marvel ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Wonder Man စီးရီးသစ်လေး Disney+ မှာ ထွက်လာပါပြီ။ \
ဒီစီးရီးကတော့ ပုံမှန် Marvel ကားတွေလို "ကမ္ဘာကြီးကို ကယ်တင်မယ်" ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဟာသနှောပြီး
Hollywood အသိုင်းအဝိုင်းကို သရော်ထားတဲ့ ပုံစံလေးမို့လို့ တော်တော်လေး ဆန်းသစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း ++++++++++

ဇာတ်လမ်းကတော့ Simon Williams (Yahya Abdul-Mateen II) ဆိုတဲ့ မင်းသားလုပ်ချင်နေတဲ့ ကောင်လေးအကြောင်းပါ။
သူက ဟောလိဝုဒ်မှာ နေရာရဖို့ ရုန်းကန်နေရတဲ့ သာမန်သရုပ်ဆောင်ပေါက်စလေးပေါ့။
တစ်နေ့ကျတော့ "Wonder Man" ဆိုတဲ့ စူပါဟီးရိုး ရုပ်ရှင်အသစ်ကြီးမှာ ခေါင်းဆောင်မင်းသားနေရာအတွက် သွားပြိုင်ရင်း နေရာရသွားပါတယ်။
ဒါပေမဲ့ ပြဿနာက Simon မှာ တကယ့် စူပါပါဝါတွေ ရှိနေတာပါပဲ။
ဟောလိဝုဒ်မှာက စူပါပါဝါရှိတဲ့သူတွေကို အလုပ်မပေးတဲ့ ဥပဒေတွေရှိနေတော့ သူက သူ့အစွမ်းကို လူမသိအောင် ဖုံးဖိထားရပါတယ်။
ဒီကြားထဲမှာ Iron Man 3 နဲ့ Shang-Chi ကားတွေထဲက ပရိသတ်အချစ်တော် Trevor Slattery (Ben Kingsley) နဲ့ လာဆုံပြီး သူတို့နှစ်ယောက်ရဲ့ ရယ်စရာ၊ လွမ်းစရာ ဟောလိဝုဒ်ဖြတ်သန်းမှုတွေကို မြင်တွေ့ရမှာပါ။
ပုံမှန် Marvel ကားတွေလို တိုက်ခိုက်ခန်းတွေချည်းပဲ မဟုတ်ဘဲ၊ ရုပ်ရှင်ရိုက်ကွင်းနောက်ကွယ်က အရှုပ်တော်ပုံတွေကို ရိုက်ပြထားတာက အသက်ပါ။
မင်းသားကြီး Ben Kingsley ပြန်ပါလာတာကတော့ ရှယ်ပါပဲ။ သူ့ရဲ့ ကြောင်တောင်တောင် စရိုက်နဲ့ Simon တို့ တွဲဖက်ညီပုံက တော်တော်လေး အချိတ်အဆက်မိပါတယ်။
Acting: စူပါဟီးရိုးကားဆိုပေမဲ့ သရုပ်ဆောင်မှုပိုင်းကို ပိုဦးစားပေးထားပြီး Yahya Abdul-Mateen II ရဲ့ စူပါဟီးရိုးဘဝ နဲ့ သာမန်လူဘဝကြား ဗျာများရပုံတွေက ကြည့်လို့ကောင်းမှာပါ။ အရသာအသစ်တစ်ခု ခံစားကြည့်လိုက်ပါဦး။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open