Ad P1
Ad P2

The Priests (2015)

Premium By Shine Design With Shroff Templates
Poster
⭐️6.8


ရုပ်ရှင်ချစ်သူများနဲ့မစိမ်းတဲ့ ဝါရင့်မင်းသားကြီး Kim Yun-Seok၊ မင်းသားချော Gang Dong-Won နဲ့ Parasite ဇာတ်ကားမှ မင်းသမီး Park So-Dam တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အပနှင်ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
အစပိုင်းမှာ ထွက်ရှိခဲ့တဲ့ မင်းသမီး Song Hye-Kyo ရဲ့ Dark Nuns ဇာတ်ကားကလည်း ဒီကားရဲ့ အဆက်ဖြစ်တာမို့လို့ ဒီကားလေးကြည့်ပြီးတာနဲ့ Dark Nuns ပါ ပြန်ကြည့်မယ်ဆိုရင်တော့ အသင့်လျော်ဆုံးပဲပေါ့ရှင်။

– ဇာတ်လမ်းအကျဉ်း –

အထက်တန်းကျောင်းသူလေး ယောင်းရှင်း (Park So-Dam) ဟာ ညဘက်ကြီး ကားတိုက်ခံခဲ့ရပြီးနောက် မကြာခင်မှာပဲ ထူးခြားဆန်းပြားတဲ့ လက္ခဏာတွေ ခံစားလာရပါတယ်။
ဖာသာဂင် (Kim Yun Seok) ဆိုသူက ယောင်းရှင်းရဲ့အသိဖြစ်ပြီး ဆေးရုံကို လာတွေ့ပြီးနောက်မှာ ယောင်းရှင်းကိုယ်ထဲ နတ်ဆိုးစွဲကပ်နေကြောင်း သိရှိသွားပြီး အားလုံးရဲ့ ကန့်ကွက်မှုတွေ သံသယတွေကြားက ယောင်းရှင်းကို အပနှင်ပေးဖို့ အစီအစဉ်ချပါတော့တယ်။ ဒီအတွက် အရည်အချင်းအားလုံးနဲ့ ကိုက်ညီတဲ့ လက်ထောက်ဖာသာတစ်ဦးကို လိုအပ်နေခဲ့ပြီး ကျမ်းစာသင်ကျောင်းသားဖြစ်သူ သင်းထောက် ချွဲဂျွန်ဟို (Gang Dong-Won) က ရွေးချယ်ခံလိုက်ရတော့တာပေါ့။
ဒီလိုနဲ့ ယောင်းရှင်းကို ကယ်တင်ပေးနိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးဖြစ်တဲ့ တစ္ဆေကြီးပွဲတော်နေ့မှာ ဖာသာဂင်နဲ့ သင်းထောက်ချွဲတို့ အသက်ရင်းပြီး အန္တရာယ်များတဲ့ အပနှင်ပွဲကို ပြုလုပ်ကြတဲ့အခါမှာတော့…
အန္တရာယ် အခက်အခဲများစွာကြားထဲကနေ ဖာသာဂင်နဲ့ သင်းထောက်ချွဲတို့က ကျောင်းသူလေး ယောင်းရှင်းကို ဘယ်လိုမျိုး ကြိုးစားကယ်တင်ပေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open