ဒါပေမဲ့လည်း သူ့ထက်သူသောက်ကြမ်းတွေရှိနေတော့ ပိုပြီးသောင်းကြမ်းဖြစ်အောင် ကြိုးစားတယ်ပေါ့ဗျ။
ဒါက ဇာတ်လမ်းအကျဥ်း။
နည်းနည်းဖြည့်ပြောချင်တာလေးတွေဆက်ပြောပါမယ်။
Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleach ရဲ့ပရိသတ်အကြီးစားပါ။ ဒါကြောင့် ဒီစီးရီးကိုကြည့်နေရင်းနဲ့ bleachအငွေ့အသက်မျိုးရပါလိမ့်မယ်။ (ကော်ပီကူးတာ မဟုတ်ဘူးနော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting style တွေလည်းမတူဘူး)။ ပြီးတော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်က ဘတ်ဂျက်ဗျ။
တပိုင်းကို အမေရိကန်ဒေါ်လာတသိန်းခွဲသုံးခဲ့တာ ဆိုတော့ သူ့ထက်ပိုများတာ dragon ball superပဲရှိပါတယ်။ ဒါကြောင့်မလို့လည်း animationတွေက တော်တော်ကိုလှပ သပ်ရပ်နေတာပါ။ (သူ့လောက်ဘက်ဂျက်သုံးထားတာဆိုရင် aotရှိပါတယ်။ narutoလည်း တပိုင်း တသိန်းသုံးခဲ့တာပါ။
တခုတော့ရှိတယ်ဗျ။ ငွေကြေးဖောင်းပွတာနဲ့ပြန်တွက်ရင် narutoရဲ့ ထုတ်လုပ်မှုစရိတ်က တပိုင်း တသိန်းခွဲလောက်ရှိနိုင်ပါတယ်။
မြန်မာငွေနဲ့ဆိုရင် သိန်း၄ထောင့်ငါးရာလောက်ပေါ့။ စျေးသိပ်မများပါဘူး။ 🤣) အတွဲ ၂လည်း ဂျူလိုင်လဆိုရင် ကြာသပတေးညတို
င်းလာတော့မှာဗျ။ အတွဲ၂ကတော့ ဘတ်ဂျက်အဲ့လောက်မသုံးတော့ဘူးလို့ကြားတာပဲ။
ကဲပါလေ....ကြည့်ကောင်းမကောင်း ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့
တော်သေးပြီ