Ad P1
Ad P2

Soldier (1998)

Premium By Shine Design With Shroff Templates
Poster
⭐️6.4


၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ အက်ရှင်ဇာတ်ကားလေးဟာ သာမန် စစ်ကားတစ်ကားထက်ပိုတဲ့ ခေတ်ဟောင်း ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်

ဒီဇာတ်ကားလေးကို ကြည့်ရင်း ကျွန်တော်တို့ ငယ်စဥ်က တစ်အုပ် ၁၀၀ ၁၅၀ နဲ့ ငှားဖတ်ခဲ့ရတဲ့ ဒီရဲဂျာတို့ ရာမာဖုံတို့လို ကာတွန်းစာအုပ်တွေကိုတောင် ပြေးသတိရမိပါသေးတယ်

" စစ်သား ဆိုတာ မိတ်ဆွေ နဲ့ မိသားစု မရှိရဘူး စစ်ပွဲက မိတ်ဆွေဖြစ်ပြီး တပ်စုကြီးက မိသားစုပဲ " ဒါ ဇာတ်ကားထဲက စာသားလေး လက်မရွံ့တပ်သားတွေဖြစ်အောင် ကလေးဘ၀ထဲကနေ ပြုစုပျိုးထောင်ရင်း အင်အားကြီးလာတဲ့ တပ်စုကြီးတစ်စု..

.အချိန်ကြာလာတဲ့အခါမှာ လက်မရွံ့တပ်သားတွေလည်း အသက်ကြီးကြရတာပဲ ဒါကိုမှ ကာနယ်မက်ကမ် ဆိုတဲ့သူဟာ မျိုးရိုးဗီဇပြုပြင်ပြီး မွေးထုတ်ထားတဲ့ စက်ရုပ်ဆန်ဆန် စစ်သားတွေနဲ့ အစားထိုးဖို့ လုပ်လာတယ် တော့ဒ်ကတော့ တပ်စုကြီးရဲ့ စစ်သားဟောင်းတွေထဲက အထူးချွန်ဆုံး စစ်သားတစ်ယောက်ဖြစ်ပြီး တပ်သားသစ်တွေနဲ့ အစားထိုးဖို့လုပ်ရင်း စွန့်ပစ်ခံလိုက်ရတော့တယ်
အဲဒါကပဲ သူ့အတွက် ကောင်းဖို့ဖြစ်လာတယ်လို့ပြောရမလား ဘ၀မှာ အမိန့်တွေနာခံရတာထက် ပိုသာတဲ့အရာတွေ ရှိသေးတယ် ဆိုတာ စွ့န်ပစ်ခံရတဲ့နေရာက ဖုန်းဆိုးမြေမှာ နေထိုင်သူတွေက သူ့ကို စောင့်‌ရှောက်ပေးလို့ သိခဲ့ရတယ် တိုက်ဆိုင်ချင်တော့ တပ်စုကြီးဟာ သူတို့ရဲ့ မျိုးဗီဇပြုပြင်ထားတဲ့ တပ်သားသစ်တွေကို စမ်းသပ်ဖို့ အဲဒီစွန့်ပစ်မြေကြီးကို ရွေးချယ်လိုက်တဲ့အခါမှာတော့ တော့ဒ် တစ်ယောက် မြေပြင်ပေါ်က လူတွေကို စောင့်ရှောက်ဖို့ တစ်တပ်လုံးနဲ့ တစ်ယောက် ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်

အဟောင်းထဲက အကောင်းဖြစ်တဲ့ အက်ရှင်ကားလေးမို့ ဒေါင်းရတာ တန်စေမယ်လို့ အာမခံပါတယ်




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open