Ad P1
Ad P2

A Better Tomorrow (2010)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အက်ရှင်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...

ဒီကားလေးမှာတော့ ပရိသတ်ကြီးတို့ရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့ ဂျွန်စော Song seung heon, A shop for killer မှ Jo han sun, Joo jin moနဲ့ Kim kang woo စတဲ့ နာမည်ကြီး အက်ရှင်Movie သရုပ်ဆောင်များစွာပါဝင်ထားပါတယ် ။

ဂင်ဟျော့ ( Joo jin mo) နဲ့ အီယောင်းချွန်း ( Song seung heon) တို့ဟာ ဘူဆန်မြို့ရဲ့ နာမည်ကြီးဂိုဏ်းစတားတွေဖြစ်ကြပြီး အရင်းနှီးဆုံးသူငယ်ချင်းတွေလည်း ဖြစ်ပါတယ်..

ဂင်ဟျော့ဟာ ထိပ်တန်းဂိုဏ်းစတားတစ်ဦးဆိုပေမဲ့ ညီလေးကို စွန့်ပစ်ပြီး ခဲ့တယ်ဆိုတဲ့ အရိပ်မည်းကြီးစွန်းထင်းနေသူပါ...

တစ်နေ့မှာတော့ သူ့ရဲ့လူယုံဖြစ်သူ ဂျောင်ထယ်မင်း ( Jo han sun) နဲ့အတူ ထိုင်းကိုသွားရာက လူယုံဆီကနေ သစ္စာအဖောက်ခံရပြီး ထိုင်းမှာပဲ အဖမ်းခံလိုက်ရပါတော့တယ်...

ထောင် ၃ နှစ် ကျခံပြီး ကိုရီးယားကို ပြန်ရောက်လာတဲ့အခါမှာ သူငယ်ချင်းဖြစ်သူ အီယောင်းချွန်းက သူ့အတွက် လက်စားချေဖို့ကြိုးစားရာက ခြေတစ်ဖက်မသန်တော့တာကို ဝမ်းနည်းစွာတွေ့လိုက်ရပါတယ်.

တစ်ဖက်မှာလည်း သူစွန့်ပစ်ခဲ့တဲ့ညီဖြစ်သူက ရဲ ဖြစ်နေတာကိုပါ တွေ့လိုက်ရပါတယ်...

လူမိုက်ဖြစ်သူအစ်ကိုနဲ့ ရဲဖြစ်သူ ညီလေးတို့ရဲ့ ပြန်လည်တွေ့ဆုံမှုက ကြည်နူးပျော်ရွှင်ဖွယ်ဖြစ်ပါ့မလား

အစွန့်ပစ်ခံလိုက်ရတဲ့ ညီဖြစ်သူကရော အစ်ကိုဖြစ်သူကို လက်ခံပေးနိုင်ပါ့မလား

သစ္စာဖောက်သွားတဲ့ လူယုံဂျောင်ထယ်မင်းကိုလည်း ပြန်ပြီးလက်စားချေနိုင်မလားဆိုတာကို အမိုက်စား အက်ရှင်တွေနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော် ..




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open