Ad P1
Ad P2

Miss & Mrs. Cops (2019)

Premium By Shine Design With Shroff Templates
Poster
⭐️6.7


ပရိသတ်ကြီးတို့အတွက် 2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ စုံထောက် ဇာတ်ကားကောင်းလေး တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ် ။
Cast တွေအနေနဲ့ကတော့ လတ်တလောထွက်ရှိထားတဲ့ Hi-5 ထဲမှ ဝါရင့်မင်းသမီးကြီး Ra Mi-Ran၊ Weightlifting Fairy Kim Bok-Joo မှ မင်းသမီးချော Lee Sung-Kyung နဲ့ Wi Ha-Joon တို့အဓိကပါဝင်ထားပြီး Yoon Sang-Hyun ၊ Sooyoung ၊ Joe Byeong-Gyu စတဲ့ ထိတ်ထိတ်ကြဲ သရုပ်ဆောင်များစွာပါ အားဖြည့်ပါဝင်ထားကြတာမို့ Cast တွေနဲ့တင် ကြည့်ရတန်စေမဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် ..

ဇာတ်လမ်းအညွှန်း ***

တစ်ချိန်က အမျိုးသမီးအထူးရဲတပ်ဖွဲ့ရဲ့အထင်ကရ ထိတ်ထိတ်ကြဲ စုံထောက်တစ်ယောက် ဖြစ်ခဲ့တဲ့ ဘတ်မီယောင်း (Ra Mi-Ran) ဟာ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ဆောင်းဆန်းရဲစခန်းရဲ့.. တိုင်ကြားချက်နှင့် အသနားခံစာတင်ဌာနမှာ စာရေးအဖြစ်နဲ့ပဲ ဝင်ရောက်လုပ်ကိုင်နေပါတယ်။
တစ်နေ့မှာတော့ သူမရဲ့ ယောက်မဖြစ်သူ စုံထောက်ဂျိုဂျီဟယ် (Lee Sung-Kyung) တစ်ယောက် စုံစမ်းစစ်ဆေးရင်း ပြဿနာရှာမိတာကြောင့် အပြစ်ပေးခံရပြီး ဘတ်မီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ မတည့်အတူနေ သမီးယောက်မနှစ်ယောက် တစ်ဌာနတည်းမှာ အလုပ်လုပ်ရင်းကနေ .. တိုင်ကြားချက် လာဖွင့်ဖို့ လုပ်နေတဲ့ မိန်းကလေးတစ်ယောက် သတ်သေသွားတာကြောင့် လျှို့ဝှက်စုံစမ်းရင်း ကြီးမားတဲ့ပြစ်မှုကြီးနဲ့ဆက်စပ်နေမှန်း သိသွားတဲ့အခါမှာတော့ ..
မတရားတာမြင်ရင် မနေနိုင်တဲ့ နှစ်ယောက်သား အလွဲတွေနဲ့ ဘယ်လိုတွေ စုံစမ်းစစ်ဆေးသွားမလဲ ဆိုတာကို ရယ်မောရင်းကြည့်ရှုရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ပရိသတ်ကြီးတို့အတွက် ကွာလတီအမိုက်စားနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။
(အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open