လူသားနဲ့သရဲတစ္ဆေကြားက ချစ်မေတ္တာကိုဖော်ကြူးထားတဲ့ A Chinese Ghost Story ဇာတ်လမ်းက အတော်လေးကိုနာမည်ကြီးလှပါတယ် 1987-1991 အတွင်းမှာ Live Action သုံးကားတိတိထွက်ခဲ့ပါတယ် မြန်မာအမျိုးသားထုကြီးရဲ့အချစ်တော် Liu YiFei ဟာလဲ 2011 မှာ Remake ပြန်ရိုက်ခဲ့ပါသေးတယ် ကြားထဲမှာလဲ မူကွဲအမျိုးမျိုးနဲ့ ထွက်ခဲ့တဲ့ Web Movies လေးတွေလဲရှိပါတယ်
အဲ့လောက်ထိ နာမည်ကြီးတာပါ ဒီတခါမှာတော့ လှပသေသပ်တဲ့ Animation လက်ရာတွေနဲ့အတူ နောက်ပိုင်း တရုတ် Animation တွေကလဲ ကမ္ဘာကျော်တဲ့ထိနာမည်ကြီးလာတာဆိုတော့ ဇာတ်လမ်းကောင်းလေးကို ပြန်လည်ခံစားကြည့်ပါဦးစို့
Nie Xiaoqian ဆိုတဲ့အမျိုးသမီးလေးဟာ အသက် ၁၈ နှစ်အရွယ်မှာ ဆုံးပါးသွားပြီး ဘုရားကျောင်းဟောင်းတစ်ခုမှာခံခဲ့ရပါတယ် ဒါပေမဲ့လည်း သူမသေဆုံးပြီးနောက်မှာတော့ သူမရဲ့စိတ်ဝိညာဉ်ဟာ မကောင်းဆိုးဝါးတစ်ဦးရဲ့ အမိန့်အောက်မှာ လူသားတွေကိုသတ်ဖြတ်ဖို့ လှည့်လည်ရတဲ့အခြေအနေထဲကို ကျရောက်သွားခဲ့ရပါတယ် နောက်ဇာတ်ကောင်တစ်ဦးအနေနဲ့ Ningsheng ဆိုတဲ့ စာပေပညာရှင်လေးတစ်ယောက်ဟာ မြို့တော်ကိုသွားပြီး အစိုးရစာမေးပွဲဝင်ရောက်ဖြေဆိုဖို့ ခရီးဝေးထွက်လာခဲ့ပါတယ်
Ningsheng ဆိုတဲ့အမျိုးသားလေးနဲ့ Nie Xiaoqian တို့တွေ့ဆုံချိန်မှာတော့ Nie Xiaoqian က မကောင်းဆိုးဝါးရဲ့အမိန့်အတိုင်း Ningsheng ကို လှည့်စားဖို့ကြိုးစားပေမဲ့လည်း Ningsheng ရဲ့ သန့်စင်တဲ့စိတ်ဓာတ်တွေ ကိုယ်ကျင့်တရားတွေကြောင့် မအောင်မြင်ခဲ့ပါဘူး Nie Xiaoqian ရဲ့ထူးခြားချက်က သရဲတစ္ဆေဖြစ်ပေမဲ့ လူသားဆန်တဲ့စိတ်ကို မလွတ်မြောက်နိုင်သေးတာပဲ ဖြစ်ပါတယ် ဆက်ပြီးတော့ Nie Xiaoqian တစ်ယောက် မကောင်းဆိုးဝါးရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်ပါ့မလား သူမအနေနဲ့ လူသားအဖြစ် ပြန်လည်ဝင်စားနိုင်ပါ့မလား
မကောင်းဆိုးဝါးရဲ့အမိန့်အောက်မှာ ရှင်သန်နေရပေမဲ့လည်း အတွင်းစိတ်ကောင်းမွန်တဲ့ သရဲတစ္ဆေမလေးတစ်ယောက်နဲ့ သစ္စာတရားပြည့်ဝတဲ့ စာပေပညာရှင်လူငယ်လေးရဲ့ လူသားနဲ့သရဲတစ္ဆေကြားက မေတ္တာကြိုးမျှင်လေးကရော ခိုင်မြဲပြီးရှေ့ဆက်သွားနိုင်ပါ့မလားဆိုတာ ဒီရုပ်ရှင်လေးထဲစီးမျောကြည့်ရှုလိုက်ရအောင်နော်