Ad P1
Ad P2

All for Love (2005)

Premium By Shine Design With Shroff Templates
Poster
⭐️6.7


6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး Hwang Jung Min တို့ ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်…။

အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။

ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးထားတာဖြစ်ပါတယ် ..
ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တို့ရဲ့အချစ်ဇာတ်လမ်း…
ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တို့ရဲ့ ဇာတ်လမ်း…။
စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့် အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတို့ရဲ့ အချစ်ဇာတ်လမ်း…။
ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်…။
အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်နဲ့ မတူညီတဲ့ဘဝပုံစံအမျိုးမျိုးကို ဇာတ်လမ်းတစ်ခုထဲမှာ ပေါ်လွင်အောင် ဖော်ပြထားလို့ စိတ်ဝင်စားစရာကောင်းပြီး ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ခုပါပဲ…။
(အညွှန်းကို M မှ ရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open