Ad P1
Ad P2

The Hunted (2025)

Premium By Shine Design With Shroff Templates
Poster
⭐️7.2


ဒီကားက Survival Thriller (အသက်လုပွဲ) အမျိုးအစားပါ။

ဇာတ်လမ်းကတော့ မြေထဲပင်လယ်ထဲမှာ လှေမှောက်ပြီး ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တစ်စုကနေ စတာပဲ။
သူတို့ သေလုမျောပါး ဖြစ်နေတုန်းမှာ အရမ်းချမ်းသာတဲ့ ဥရောပတိုက်သား သူဌေးတစ်စုက သူတို့ရဲ့ ဇိမ်ခံသင်္ဘောကြီးနဲ့ ကယ်တင်လိုက်တယ်။

အစမှာတော့ ဒုက္ခသည်တွေခမျာ "ငါတို့တော့ ကံကောင်းပြီ၊ နတ်လူမစလို့ အသက်ချမ်းသာရာရပြီ" ဆိုပြီး ဝမ်းသာနေကြတာပေါ့။

အဲဒီသူဌေးတွေက သူတို့ကို သာယာလှပတဲ့ ကျွန်းလေးတစ်ကျွန်းဆီ ခေါ်သွားပြီး စားစရာ၊ နေစရာတွေ ပေးကြတယ်။ ဒါပေမဲ့... အဲဒါက အိပ်မက်ဆိုး ရဲ့ အစပဲ။
ခဏနေတော့မှ ဒီသူဌေးတွေက သူတို့ကို တကယ်ကယ်တင်တာမဟုတ်ဘဲ "လူလိုက်တမ်းကစားဖို့ (Human Hunting)" အတွက် သားကောင်အဖြစ် အသုံးချဖို့ ခေါ်လာမှန်း သိလိုက်ရတယ်။

ကျွန်းပေါ်မှာ သူတို့ကို လွှတ်ပေးလိုက်ပြီး သူဌေးတွေက ခေတ်မီလက်နက်တွေနဲ့ လိုက်လံပစ်ခတ် သတ်ဖြတ်ကြတာပါ။
ဒီကားရဲ့ အဓိက "Badass" ဇာတ်ဆောင်ကတော့ Lily Banda သရုပ်ဆောင်ထားတဲ့ ဆူဒန်အမျိုးသမီးလေးပါ။
သူက သူ့ကလေးကို ကာကွယ်ဖို့အတွက် သားကောင်ဘဝကနေ ပြန်လည်ခုခံတဲ့သူ ဖြစ်လာပါတယ်။
"မင်းတို့က ငါ့ကို အပျော်သတ်ချင်တာလား... ရတယ်၊ ကြည့်ကြသေးတာပေါ့" ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်တိုက်ခိုက်တာကို ကြည့်ရမှာပါ။
ဒီကားမှာ လူသတ်သမားတွေလက်ကနေ ဘယ်လိုပုန်းမလဲ၊ ဘယ်လိုပြန်တိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

လူသားချင်းအပေါ် ရက်စက်တတ်တဲ့ အမှောင်ဘက်ခြမ်းနဲ့ အသက်ရှင်ကျန်ရစ်ဖို့ ကြိုးစားတဲ့ စိတ်ဓာတ်ကို ပြထားပါတယ်။
အပြေးအလွှားတွေ၊ ထောင်ချောက်ဆင်တာတွေနဲ့ တော်တော်လေး ကြမ်းပါတယ်။
ဇာတ်လမ်းက "The Most Dangerous Game" ဒါမှမဟုတ် "The Hunt" တို့လို ကားမျိုးတွေနဲ့ ဆင်ပေမယ့် ဒုက္ခသည်အရေးနဲ့ ပတ်သက်တဲ့ Message လေးတွေလည်း နည်းနည်းနှောထားပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open