အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။
ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့် စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။ ဒါရိုက်တာက Ex Machina၊ Annihilation၊ Civil War တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။ သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza က နေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကို အခြေခံထားတဲ့ ရာမဒီ၊ အီရတ်မှာ ရန်သူတွေ အများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ် တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။
တကယ်ပါဝင်ခဲ့သူတွေကိုပါ အင်တာဗြူးပြီး ဇာတ်လမ်းတည်ဆောက်ခဲ့တာပါဖြစ်ပါတယ်။ စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက် ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော် အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါ။
နာမည်အများစုကတော့ နာမည်လွှဲတွေပဲ ဖြစ်ပါတယ်။ Ray Mendoza နဲ့ Elliott Miller ဆိုတဲ့နာမည်ပဲ နာမည်ရင်း ပါခဲ့တာပါ။ ကျန်တာအများကြီးတော့ ပြောစရာမရှိပါဘူး။ စစ်ကားကောင်းရှားနေတဲ့အချိန်မှာ ရွှေထွက် လာတာပါပဲ။ ကြည့်လိုက်ကြပါ...........