Cast တွေကတော့ အားလုံးသိကြတဲ့ Extraordinary Attorney Woo ထဲက အမြဲစိမ်းတောလေး Kang Tae Oh ၊ "Business Proposal" မှ Kim Se Jeong တို့အပြင် Lee Sin Young ၊ Jin Goo နဲ့ Hong Su Zu တို့ အဓိက ပါဝင်ထားကြပါတယ် ။
ဇာတ်လမ်းအညွှန်း ***
အိမ်ရှေ့စံမင်းသား အီဂန်း (Kang Tae-Oh) ဟာ အပြင်ပန်းမှာတော့ အထိန်းအကွပ်မဲ့ပြီး လုပ်ချင်ရာလုပ်တတ်တဲ့လူဖြစ်ပေမဲ့ အတွင်းစိတ်ထဲမှာတော့ နန်းတော်တွင်းက အာဏာပြိုင်ဆိုင်မှုတွေကြောင့် ဆုံးရှုံးသွားခဲ့ရတဲ့ ချစ်ရသူကို လွမ်းဆွတ်နေသူပါ။
အိမ်ရှေ့စံတစ်ယောက်ရဲ့ ဖိအားတွေကို တိတ်တဆိတ်တောင့်ခံထားရင်းနဲ့ လက်စားချေမဲ့စိတ်ကိုလည်း ကွယ်ဝှက်ထားပါသေးတယ်။
ဒီလိုနဲ့ပဲ တစ်နေ့မှာ .. ဆုံးပါးသွားတဲ့ အိမ်ရှေ့စံကြင်ရာတော်နဲ့ပုံစံတူနေတဲ့ ဘတ်ဒါရီ (Kim Se Jeong) ဆိုတဲ့ ဥာဏ်နီဥာဏ်နက်များပြီး စကားပြောကောင်းတဲ့ စျေးသည်မလေးနဲ့ အိမ်ရှေ့စံမင်းသားအီဂန်းတို့ ဝိညာဥ်ချင်းလဲသွားကြတဲ့ အခါမှာတော့ ....
ချစ်ရသူကို ဆုံးရှုံးထားတာကြောင့် စိတ်ဒဏ်ရာရနေတဲ့ အိမ်ရှေ့စံတစ်ပါးနဲ့ အတိတ်မေ့နေတဲ့ စျေးသည်မလေးတို့ကြား ဘယ်လိုအလွဲတွေနဲ့ အချစ်ပန်းလေး ဖူးပွင့်လာမလဲဆိုတာကို ရယ်မောရင်း ကြည့်ရှုခံစားပေးပါဦးနော် ..