Ad P1
Ad P2

Power Rangers (2017)

Premium By Shine Design With Shroff Templates
Poster
⭐️6.0


Movie နာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထ ရုံမကပဲ အသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာ ကောင်းကောင်းကြီးအာမခံပါတယ်….

တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေး ပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး…

ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ အပြင် ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့ ငယ်ဘဝဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့် အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်…..

ဒါပေမယ့် တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိက ဇာတ်ကောင်တွေ , Power Rangers တွေဖြစ်လာကြမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ Jason, Kimberley, Billy, Zack, Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်း လူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့ လူငယ် လေးတွေမဟုတ်ကြဘဲ ကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်….

ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့ တင်ဆက်ထားတဲ့အပြင်ကို ဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေ အားလုံးကို
"ဟာ ဒါကဒီလိုပါလား" ဆိုပြီး အံ့အားသင့်ရေရွတ်ရ လောက်အောင်ကို တင်ဆက်ထားတာကိုလည်း ကြည့်ရှု့ရဦးမှာဖြစ်ပါတယ်...

ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာက ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ ဒေါင်းကြည့်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်..

နော​က်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့ နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေက ဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီး ကောင်းမွန်လှပစေခဲ့ပါတယ်…

ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ , Morpher တွေနဲ့ Zord တွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင် ကိုတကယ်တမ်းကြည့်လိုက်ရဲတဲ့အခါမှာတော့ အကုန်ပျောက်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်….

နောက်ပြီးတော့ Mid-Credits Scene ကိုလည်း မ လွတ်စေပဲ ကြည့်ပေးဖို့ကို ထပ်ပြီးတော့ သတိပေးချင်ပါသေးတယ်…

PG-13 အဆင့်ရှိပြီး ကြာချိန် ၂ နာရီကြာမြင့်ထားတဲ့ Rating 6 အဆင့်ထိရှိတဲ့ Movie ဖြစ်ပါတယ်..




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open