White Snake , New Gods:Yang Jian, Chang An စတဲ့ Animation ကားကောင်းတွေတင်ဆက်ပေးနေတဲ့ Light Chaser Animation Studios ကထုတ်လုပ်ထားတဲ့ Animation ဇာတ်ကားသစ်ဖြစ်လို့ စိတ်မပျက်စေရမှာသေချာပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ချင်းခေတ်စာပေသမားတစ်ယောက်ဖြစ်တဲ့ ဖူဆုန်းလင်ဟာ လမ်းခရီးမှာအခက်အခဲကြုံနေရတဲ့အတွက်ကြောင့် လန်ရော့ဆိုတဲ့ဘုရားကျောင်းတစ်ခုမှာ မဖြစ်မနေတစ်ညတည်းခိုဖို့ခဲ့ရတယ်။
ဒီဘုရားကျောင်းပျက်ထဲမှာ မထင်မှတ်ပဲ ဖားတစ်ကောင်နဲ့ လိပ်တစ်ကောင်ဖမ်းဆီးတာခံရပြီးတော့ ထူးဆန်းတဲ့ နှစ်၁၀၀၀ကျော်သမိုင်းရှိတဲ့ရှေးဟောင်းရေတွင်းအောက်ထဲကိုရောက်သွားခဲ့ပါတယ်။ ဒီဖားနဲ့လိပ်က ပုံပြင်အပြိုင်ပြောပြပြီး ဘယ်သူ့ပုံပြင်ပိုကောင်းလဲဆိုပြီးတော့ ဖူဆုန်းလင်ကို အကဲဖြတ်ဖို့ အတင်းဖိအားပေးပြီး ခိုင်းကြပါတယ်။
နောက်ဆုံးမှာတော့ မတတ်သာတဲ့အဆုံး ဖူဆုန်းလင်ကပါ သူ့ရဲ့ဆန်းကြယ်တဲ့ပုံပြင်ကိုပြောပြလိုက်ရပါတယ်။ ပုံပြင်ပြောပြိုင်ပွဲဖြစ်တဲ့အလျောက် ကိုယ်တွေနဲ့ရင်းနီးပြီးသား A Chinese Ghost Story , Painted Skin ပုံပြင်တွေအပြင် စုစုပေါင်း ပုံပြင်(၆)ပုဒ်ကို တင်ဆက်ပုံအမျိုးမျိုးနဲ့ တစ်ဝကြီးခံစားရမှာဖြစ်လို့ လုံးဝလက်မလွှတ်ပဲ ကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။