⭐️5.5
ဆန်းကြယ်တဲ့ ဗိုင်းရပ်တစ်ခုကြောင့် လူသားတွေရဲ့ခန္ဓာကိုယ်က အရည်ပျော်ကျလာပြီး သူတိုထိမိတဲ့ ဘယ်သက်မဲ့အရာဝတ္ထုမဆိုနဲ့ ပေါင်းစည်းသွားစေတဲ့ ရောဂါကြီးတစ်ခု ကမ္ဘာအနှံ ပျံ့နှံလာခဲ့တယ်။ရောဂါကူးစက်တဲ့လူတွေက ဘာမှမလှုပ်ရှားနိုင်တော့ဘဲ ပြင်းထန်တဲ့နာကျင်မှုကိုခံစားရင်း သူတိုပူးကပ်သွားတဲ့အရာဝတ္ထုတွေအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားရပြီးတော့ သူတိုရဲ့မျက်လုံးကို စိုက်ကြည့်မိတဲ့လူတိုင်းက ရောဂါကူးစက်ခံရပါတယ်။
အဲဒီကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် lockdown ချနေတဲ့ကာလအတွင်း အတူအိပ်မိရာကနေ ရင်းနှီးခဲ့တဲ့ Anx နဲ့ Cass တိုနှစ်ယောက်ကလည်း Anx နဲ့ တိုက်ခန်းတစ်ခုထဲမှာ အတူနေဖိုဖြစ်လာပါတော့တယ်။ဒီလိုနဲ့ Anx နဲ့ Cass တိုနှစ်ယောက် ရောဂါပျံ့နေတဲ့ အဆောက်အဦးကြီးမှာ တစ်ယောက်အကြောင်းတစ်ယောက် သင်ယူပြီး ဘယ်လိုမျိုးအတူနေထိုင်သွားမလဲနဲ့ကိုယ်ပိုင်သရုပ်ကိုယ်စီကနေ အရည်ပျော်ကျပြီး အရာအားလုံးပေါင်းစည်းသွားတဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်ပေါ်လာပုံတွေကို စိတ်ဝင်စားဖွယ် အမိုက်စား Surreal visual တွေနဲ့ ကြည့်ရှုရပါမှာပဲဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)