စတူဒီယိုကလည်း Haikyuu တို့လို နာမည်ကျော် စီးရီးကို ထုတ်လုပ်ပေးထားတဲ့ IG Production ကပါ။
1945 ခုနှစ် ပြင်းထန်ကြမ်းတမ်းလှတဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ငါးဖမ်းကျွန်း Shikotan ဆိုတဲ့နေရာလေးကို ရုရှားတွေသိမ်းပိုက်လိုက်ပါတယ်။ ဒေသခံတွေရဲ့အိမ်တွေကိုလည်း ရုရှားတွေက အပိုင်စီးလိုက်ကြတာပေါ့။ ဒီတော့ အဲဒီကျွန်းမှာနေထိုင်တဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Junpei နဲ့ Kanta တို့ဟာ ရုရှားမလေး Tanya နဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာကြတော့တယ်။
ဒီမှာတင် နိုင်ငံရေးပဍိပက္ခအရှုပ်ထွေးတွေကြားမှာ လူမျိုးခြားကလေးတွေရဲ့ ဘာသာစကားအတားအဆီးကို ကျော်လွန်ပြီး သူတို့လေးတွေရဲ့ ခင်မင်မှုသံယောဇဉ်တွေ၊ မိသားစု ညီအစ်ကိုမောင်နှမကြားက ဒရမ်မာလေးဇာတ်လမ်းတွေကို လိုက်ပါစီးမြောရင်း ဖြစ်ရပ်မှန်ကိုလည်း အခြေခံထားတဲ့ ဒီကားလေးဟာ ကြည့်သင့်တဲ့ Anime ကားလေးတစ်ကားဖြစ်နေတာကြောင့် ညွှန်းပေးပါရစေရှင်...။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်)