ဒီဇာတ်လမ်းကိုတော့ အယ်လ်အေမြို့လယ်ခေါင် ဒုသမ္မတယာဉ်တန်းမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အထက်အမိန့်အရ Safe House တစ်ခုကို ခိုလှုံဖို့ရောက်ရှိလာကြတဲ့အေဂျင်စီအသီးသီးက ဖယ်ဒရယ်အေးဂျင့် ခြောက်ယောက်နဲ့စတင်ထားပါတယ်။သူတို့တွေထဲက နှစ်ယောက်မှာနိုင်ငံတော်အဆင့်ထိပ်သီးလျှို့ဝှက်ပစ္စည်းတွေပါလာကြပြီး သူတို့ရဲ့အထက်လူကြီးတွေကဘယ်သူ့ကိုမှမယုံဖို့မှာလိုက်တဲ့အတွက် အချင်းချင်းသံသယကိုယ်စီရှိကြပါတယ်။
မကြာခင်မှာပဲ သူတို့ရောက်ရှိနေတဲ့ Safe House ကို အဝေးကနေLock Downချလိုက်ပြီး သူတို့ထဲက တစ်ယောက်ဟာ အကြမ်းဖက်ဖောက်ခွဲမှုရဲ့တရားခံဖြစ်ပြီး အဲ့ဒီတရားခံပေါ်မှသာ သူတို့လွတ်မြောက်နိုင်မယ်ဆိုတာသိလိုက်ရချိန်မှာတော့ သံသယတွေနဲ့စခဲ့တဲ့ သူတို့ချင်းဟာ ဒီနေရာကနေလွတ်မြောက်ဖို့မဖြစ်မနေပူးပေါင်းဆောင်ရွက်ဖို့ဖြစ်လာပါတော့တယ်။
Thriller Vibe အပြည့်ရသလို အက်ရှင်ပိုင်းမှာလည်းလျော့မနေ၊ အီမနေပဲ၊ သွက်သွက်လက်လက်တင်ဆက်ထားပြီး လိုရင်းရောက်လွယ်တဲ့ Action Thriller ကောင်းတစ်ကားပါ