ပြိုင်ပွဲရဲ့ရည်ရွယ်ချက်က နိုင်ငံတော်ပြန်လည်တည်ဆောက်ရာမှာ လူအများကို အားတက်စေဖို့နဲ့ အလုပ်ဆိုတာရဲ့ဂုဏ်ကို အများမြင်လာစေဖို့ပါ။
အဲဒီပြိုင်ပွဲမှာ အဆုံးသတ်ပန်းတိုင်ဆိုတာမရှိပဲ နောက်ဆုံးကျန်သူသာ အနိုင်ရမှာပါ။
ပြိုင်ပွဲစည်းမျဉ်းက ရိုးရှင်းပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တစ်နာရီကို ၃မိုင်နှုန်းလမ်းလျှောက်ရမှာဖြစ်ပြီး ရပ်နားခွင့်မရှိပါဘူး။ သတ်မှတ်အရှိန်နှုန်းအောက် ကျသွားမယ်ဆို ၃ကြိမ်တိတိသတိပေးမှာဖြစ်ပြီး သတိပေးချက်အဆုံးမှာ ပြိုင်ပွဲက ထုတ်ပယ်ခံရမှာဖြစ်တယ်။
နောက်ဆုံးကျန်သူက များပြားတဲ့ငွေကြေးနဲ့အတူ ဆန္ဒတစ်ခုပြည့်ဝခွင့်ရမှာ ဖြစ်တယ်။
ဒီလိုနဲ့ ရေး (Cooper Hoffman) နဲ့ မက်ခ်ဗရီး (David Jonsson)အပါအဝင် ပြည်နယ်တစ်ခုစီကို ကိုယ်စားပြုတဲ့ လူငယ်အယောက်၅၀တို့ ပန်းတိုင်မရှိတဲ့ ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။