⭐️7.1
နာမည်တူ webtoon ကို အခြေခံရိုက်ကူးထားပြီး Jung Woo-Sung, Kwak Do-Won, Kim Eui-Sung,
Lee Kyoung-Young အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နာမည်ကြီးရုပ်ရှင်ကားဟောင်းလေးကို ပြန်လည် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။– ဇာတ်လမ်းအကျဉ်း –မြောက်ကိုးရီးယားမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးပြီးချင်းမှာပဲ မြောက်ကိုးရီးယား ထိပ်တန်းအေးဂျင့်ဟောင်းတစ်ဦးဖြစ်တဲ့အောမ်ချောအူ (Jung Woo-Sung) က မြောက်ကိုးရီးယားခေါင်းဆောင်ကို ကယ်တင်ပြီး တောင်ကိုးရီးယားဆီအတူထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မြောက်ကိုးရီးယားက တောင်ကိုးရီးယားနဲ့ အမေရိကန်ကိုစစ်ကြေညာလိုက်သလို တောင်ကိုးရီးယားကလည်း အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်း တောင်ကိုးရီးယား အမျိုးသားလုံခြုံရေး အကြီးတန်းအတွင်းရေးမှူး ဂွက်ချောအူ (Kwak Do-Won) ဟာမြောက်ကိုးရီးယားခေါင်းဆောင်က တောင်ကိုးရီးယားကို ရောက်နေတယ်ဆိုတဲ့ သတင်းကိုရလိုက်ပြီး စစ်ပွဲကိုတားဆီးဖို့အတွက် အောမ်ချောအူနဲ့ မြောက်ကိုးရီးယားခေါင်းဆောင်နားကို လျှို့ဝှက်ချဉ်းကပ်လာတဲ့အခါမှာတော့…အောမ်ချောအူက သူတို့ခေါင်းဆောင်ကို မြောက်ကိုးရီးယားဆီ ဘေးကင်းစွာနဲ့ ပြန်လည်ခေါ်ဆောင်သွားနိုင်မှာလား….တောင်-မြောက်ကိုးရီးယားကြား တင်းမာမှုတွေကရော ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို အက်ရှင်ခန်းများနဲ့အတူစိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။