⭐️6.7
ကျွန်တော်တို့ ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားအသစ်လေးကတော့ လူငယ်ဆန်ဆန်Rom-Com တွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် Netflix ကနေ အသစ်ထွက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Twinkling Watermelon ကားထဲက မင်းသမီး Shin Eun Soo,Mercy for None ကားထဲက မင်းသား Gong Myung, Study Group ထဲက လူဆိုးကောင်လေးမင်းသား Cha Woo Min, Welcome to Samdal-ri ထဲက အငယ်ဆုံးသမီးလေးမင်းသမီး Kang Mina တို့နဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းရှုပ်ထွေးပွယောင်းကောက်ကွေးနေတဲ့ ဆံပင်အရှည်ကြီး ရှိတဲ့ အသက် ၁၉ နှစ်အရွယ်အထက်တန်းကျောင်းသူလေး ဘတ်ဆယ်ရီ (Shin Eun Soo) ဟာ ဆိုးလ်က ပြောင်းလာတဲ့ကျောင်းသား ဟန်ယွန်းဆော့ (Gong Myung) နဲ့ ပူးပေါင်းကာ သူမရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့“အချစ်စစ်ဆေးရေး”ကို စတင်ဖို့ကြိုးစားပါတယ်။ ဆယ်ရီတစ်ယောက် သူမရဲ့ ဆံပင်အရှည်ကြီးကိုဖြောင့်ပြီး တစ်ကျောင်းလုံးရဲ့ နာမည်ကြီး ကျောင်းသားလေး ဂင်ဟျွန်း (Chan Woo Min) ကိုဖွင့်ပြောဖို့အတွက် ကြိုးစားကာ ဘယ်လိုအချစ်စစ်ဆင်ရေးတွေ ဖန်တီးမလဲဆိုတာအပြင်ဆယ်ရီရဲ့ချစ်ဖို့ကောင်းပြီး တက်ကြွတဲ့အကျင့်စရိုက်တွေကိုပါ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးလေးရိုက်ပြထားတာမို့ ရှုစားကြည့်လိုက်ပါဦးနော်