⭐️5.6
ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့ Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd