Ad P1
Ad P2

Dancing Queen (2012)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Dancing Queen" ဆိုတဲ့ ဇာတ်ကားလေးဟာ ကိုယ့်ရဲ့အိပ်မက်တွေ‌ေနာက်လိုက်ဖို့ ဘယ်တော့မှ နောက်မကျသေးဘူးဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ Hwang Jung Min နဲ့ Uhm Jung Hwa တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Ra Mi Ran, Ma Dong Seok, Lee Hyori, Oh Na Ra တို့ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ ဇာတ်လမ်းလေးကတော့ ရှေ့နေဖြစ်ပေမဲ့ အိမ်ငှားခပေးဖို့တောင် ရုန်းကန်နေရတဲ့ ခင်ပွန်းဖြစ်သူ Hwang Jung Min နဲ့ ငယ်စဉ်က အဆိုတော်ဖြစ်ချင်ခဲ့ပေမဲ့ အိမ်ထောင်ကျပြီးနောက် အိမ်ရှင်မဘဝနဲ့ပဲ အချိန်ကုန်ဆုံးနေရတဲ့ ဇနီးဖြစ်သူ Uhm Jung Hwa တို့ ဇနီးမောင်နှံရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူက ရထားဘူတာမှာ လူတစ်ယောက်ကို မတော်တဆ ကယ်တင်လိုက်ရာကနေ "မြို့တော်သူရဲကောင်း" အဖြစ် နာမည်ကြီးသွားပြီး ဆိုးလ်မြို့တော်ဝန်အဖြစ် အရွေးချယ်ခံဖို့ ကမ်းလှမ်းခံရပါတယ်။ တစ်ဖက်မှာလည်း ဇနီးဖြစ်သူဟာ သူ့ရဲ့ တစ်သက်တာအိပ်မက်ဖြစ်တဲ့ အဆိုတော်ဖြစ်ခွင့်ကို အခွင့်အရေးရလာတဲ့အခါမှာတော့...။ ခင်ပွန်းဖြစ်သူရဲ့ နိုင်ငံရေးသမားသိက္ခာနဲ့ ဇနီးဖြစ်သူရဲ့ အကက၊ သီချင်းဆိုရတဲ့ အဆိုတော်ဘဝတို့ကြားက ပဋိပက္ခတွေကို ရယ်မောပျော်ရွှင်ဖွယ် မြင်တွေ့ရမှာဖြစ်သလို "အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲ" ဆိုတဲ့အတိုင်း ဘဝရဲ့ မွန်းကျပ်မှုတွေကြားမှာ ကိုယ်ဖြစ်ချင်တဲ့အရာကို သတ္တိရှိရှိ အကောင်အထည်ဖော်တတ်ဖို့ ခွန်အားပေးထားတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးလုံးရဲ့ အိမ်ထောင်ရေးကိုလည်း မပျက်စီးစေဘဲ မိမိတို့ရဲ့ အိပ်မက်တွေကို ဘယ်လိုဟန်ချက်ညီညီ ရှေ့ဆက်မလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုရမှာဖြစ်လို့ မိသားစုနဲ့အတူ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open