Ad P1
Ad P2

Seraphim Falls (2006)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


ရေခဲလွှမ်းနေတဲ့တောင်ကြောတစ်နေရာမှာ အဘိုးအိုတစ်ယောက်ကို လူအုပ်စုတစ်စုက သေနတ် နဲ့ လိုက်ပစ်နေပါတယ်။
ခေါင်းဆောင်က အဘိုးကြီးကို အသေပစ်သတ်ခွင့် မပေးထားဘဲ အရှင်မိအောင်ပဲ လိုက်ခိုင်းပါတယ်။ ဒါပေမယ့် သေနတ်မပါတဲ့အပြင် ဒဏ်ရာရနေတဲ့ အဘိုးကြီးဟာ အဲဒိလူအုပ်ထဲက လူ (၂)ယောက်ကို အသေပြန်ဆော်လိုက်နိုင်ပြန်ပါတယ်။
အနောက်က လိုက်တဲ့လူတစ်စုကတော့ ဆက်လိုက် ဖို့၊ မလိုက်ဖို့ ပြောရင်း အငြင်းပွားကုန်ကြပါတယ်။
ခေါင်းဆောင်ရဲ့ စည်းရုံးမှုနဲ့ အဘိုးကြီးနောက်ကို သူတို့ ဆက်လိုက်ကြပါတော့တယ်။ အဘိုးကြီးက ဘယ်သူလဲ။ သူ့နောက်ကို လိုက်နေတဲ့ လူတစ်စုကရော သူ့ နောက်ကို ဘာအကြောင်းနဲ့ လိုက်နေတာလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားကြပါခင်ဗျား။
စကားသိပ်မပြောဘဲ ဖိုက်ပဲဖိုက်၊ မိုက်ပဲမိုက်၊ တိုက်ပဲတိုက်နေကြတဲ့ ကောင်းဘွိုင်ကား၊ အက်ရှင်ကား ကို ရှုစားရမှာ ဖြစ်ပါတယ်။
Taken မင်းသားကြီး လီယန်နီလ်ဆင်နဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ပီယာ့စ်ဘရွန်နန်တို့ အပြိုင်ကြဲ အပြိုင်မိုက်၊ အပြိုင်တိုက်ကြတဲ့အတွက် ဇာတ်ကားကောင်းပါလို့ ညွှန်းစရာမလိုဘူး ထင်ပါတယ်ဗျာ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open