အခုထွက်ရှိလာတဲ့ Star War:Vision ကလည်း Animation Studioပေါင်းများစွာက အတော်ဆုံး Animation creators တွေကနေ ဖန်တီးထားတဲ့ animation short film seriesတစ်ခုဆိုတော့....
ဖန်တီးထားတဲ့ studio တွေကလည်း Kamikaze Douga , Trigger, Studio Colorido, Kinema Citrus, Science Saru, Production I.G စတဲ့ Japanese animeလောကမှာနာမည်ကြီးတဲ့ studios တွေကပူးပေါင်းရိုက်ကူးထားပြီး Disney+ကထုတ်လွှင့်ထားတာပါ။
စတူဒီယိုပေါင်းစုံရဲ့လက်ရာတွေနဲ့ နာမည်ကြီး Love Death + Robots စီးရီးလို တစ်ပိုင်းကို animation စတိုင်တစ်မျိုးစီထူးခြားနေမှာပါ။
ပိုထူးခြားတာက မူရင်း Starwars universe နဲ့ မချိတ်ဆက်ပဲ တစ်ပိုင်းကို သီးသန့်ကမ္ဘာတစ်မျိုးစီဖြစ်တာမို့ ဒီစီးရီးကိုကြည့်ဖို့ အရင် Starwars မူဗီတွေဘာတွေကို ကြည့်ထား စရာမလိုပါဘူး။
ဥပမာ အပိုင်း၁ဟာ Kurosawa ရဲ့ခေတ်က ဂျပန်ဆာမူရိုင်းရုပ်ရှင်တွေလို အဖြူအမဲနဲ့ ဆာမူရိုင်းခေတ်မှာ အခြေတည်ထားပြီး သာမန်ဓားအစား Lightsaber တွေ Force တွေဖြစ်နေတာပါ။
ဂျပန် anime စတူဒီယိုတွေရဲ့လက်ရာနဲ့ ဂျပန်စကားပြောနဲ့လည်းကြည့်ရမှာမို့ anime ပရိတ်သတ်တွေရော Starwars ပရိတ်သတ်တွေပါ အားရစေမှာအမှန်ပါ။
စုစုပေါင်း(၉)ပိုင်းထွက်ရှိပြီး တစ်ခါတည်းတင်ဆက်ပေးထား တာမို့ ကဲအခုပဲကြည့်လိုက်ကြပါတော့...
(ဒီစီးရီးကို ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)