ငယ်ဘဝမှာ ကျွန်တော်တို့ မော်ဂလီဆိုပြီး ကြည့်ခဲ့ကြတဲ့ Jungle Book Animation ကို ပြန်အသက်သွင်းထားတာပါ။ ဒီ Live Action ဟာ အကောင်းဆုံး Live Action တွေထဲက တစ်ခုဖြစ်ပြီး ဝေဖန်သူတွေကြားထဲမှာ အပေါင်းဘက်ဆန်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။
ဇာတ်ညွှန်း
ဝံပုလွေအုပ်ကြားထဲမှာ ဝံပုလွေမဟုတ်တဲ့ လူသားပေါက်စလေးတစ်ယောက်ရှိနေတယ်။ သူ့နာမည်က မော်ဂလီ။
မော်ဂလီဟာ ငယ်ငယ်ကတည်းက မိဘတွေမရှိတော့ဘူး။ မိဘမဲ့လေး မော်ဂလီကို ကျားသစ်နက်ကြီး ဘာဂီးရားကတွေ့ခဲ့ပြီး ဝံပုလွေအုပ်ထဲကို အပ်နှံခဲ့ပါတယ်။
ဝံပုလွေအုပ်မှာရှိတဲ့ ဝံပုလွေမိခင်ကြီးတစ်ယောက်က မော်ဂလီကို သူ့သားအရင်းလိုမျိုး စောင့်ရှောက်ခဲ့ပါတယ်။
ဒါပေမဲ့ တောထဲမှာ အရမ်းကိုဆိုးတဲ့ ကျားကြီးရှီးရားခန်းဆိုတာရှိတယ်။ တစ်ရက် မိုးခေါင်ပြီး ငြိမ်းချမ်းရေးကျောက်ဆောင်ကြီး ပေါ်လာတဲ့အချိန်မှာ တစ်တောလုံး ယာယီငြိမ်းချမ်းရေးယူခဲ့ပါတယ်။
ကျားကြီးရှီးရားခန်းမှာ ရည်ရွယ်ချက်တစ်ခုရှိတယ်။ အဲဒါကတော့ မော်ဂလီရဲ့ အသက်ကိုနှုတ်ယူပြီး အသားကိုမြည်းကြည့်ဖို့ပါပဲ။ ဝံပုလွေအုပ်ရဲ့ လက်အောက်ကိုရောက်နေတဲ့ မော်ဂလီကို ကျားကြီးရှီးရာခန်း မထိနိုင်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ကျားချောင်းချောင်းပြီး အလစ်အငိုက်ကိုစောင့်နေတဲ့အခါဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။
ဒီရုပ်ရှင်က Cast တွေအနေနဲ့လည်း တော်တော်လေးကိုမိုက်ပါတယ်။
ရှီးရားခန်းအဖြစ် မင်းသား Idris Elba ဘာလူးအဖြစ် ဟာသမင်းသားကြီး Bill Murray မြွေကြီး ကားအဖြစ် မင်းသမီး Scarlett Johansson ဘုရင်ကြီး လူဝီအဖြစ် မင်းသား Christopher Walken ဘာဂီးရား အဖြစ် Ben Kingsley ဝံပုလွေအုပ်ခေါင်းဆောင်အဖြစ် ကြက်ကြော်ဆိုင်ပိုင်ရှင် Giancarlo Esposity တို့ဖြစ်ပါတယ်။
ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ။