Ad P1
Ad P2

Mowgli: Legend of the Jungle (2018)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


မော်ဂလီဆိုတာ မသိတဲ့လူမရှိသလောက်ပါပဲ။ ငယ်ဘဝမှာ မကြည့်ခဲ့ဘူးတဲ့ လူမရှိသလောက်ပဲ။ မိသားစုနဲ့ဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် တာဇံမဟုတ်တဲ့ တောတွင်းသားလေး မော်ဂလီကို ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ်။
တော်တော်လေးလည်း သဘောကျဖို့ကောင်းပြီး တော်တော်လေးလည်းရယ်ရတာကြောင့် ကြည့်ဖူးတဲ့ ကလေးတိုင်းသဘောကျခဲ့မှာပါ။
2018 ထွက် ဒီမော်ဂလီရုပ်ရှင်ကတော့ Warner Bros. ကထုတ်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ဒီဘက်ခေတ်နဲ့ပိုပြီးတော့ လိုက်သွားသလို PG-13 ဖြစ်နေတုန်းဆိုပေမဲ့ နည်းနည်းလေး Dark Fantasy ဖြစ်သွားတာမလို့ ကလေးသူငယ်များအနေနဲ့ မိဘများနဲ့ကြည့်ရှုရင်တော့ ပိုသင့်တော်ပါတယ်။

ဇာတ်ညွှန်း

ကျားကြီးရှီးရားခန်းလက်ချက်ကြောင့် မိဘတွေဆုံးသွားတဲ့ မိဘမဲ့လူကောင်လေးတစ်ယောက်တောထဲမှာ ယောင်လည်လည်လုပ်နေရင်း ဝံပုလွေမိသားစုတစ်ခုကတွေ့လို့ ခေါ်ယူမွေးစားခဲ့ပါတယ်။
လူမှာလည်းလူ့စည်းကမ်း၊ တောမှာလည်းတောစည်းကမ်း၊ ဝံပုလွေတွေမှာလည်း ဝံပုလွေစည်းကမ်းရှိခဲ့ပါတယ်။
ဝံပုလွေတွေ မဲခွဲပြီး ဒီကောင်လေးကို မွေးစားသင့်၊ မမွေးစားသင့် ဆုံးဖြတ်ခဲ့အခါမှာတော့ မွေးစားသင့်တဲ့ဘက်က အနိုင်ရသွားခဲ့ပါတယ်။
ကျားကြီးရှီးရားခန်းကလည်း အဖေနဲ့အမေရဲ့သွေးကို သောက်ပြီးတော့ ဒီကောင်လေးကိုလည်း မြည်းကြည့်ဖို့ မစောင့်နိုင်ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ ဝံပုလွေအုပ်အောက်ကိုရောက်သွားတဲ့ ကောင်လေးကို ကျားကြီး ရှီးရားခန်းမထိနိုင်ဖြစ်ခဲ့ရတယ်။
လူငယ်လေးဖြစ်လာတဲ့အခါမှာ ကောင်လေးက မော်ဂလီရယ်လို့ ဖြစ်လာတယ်။ သူ့မှာလက်ဦးဆရာ ဝက်ဝံကြီးဘာလူးနဲ့ ကျားသစ်နက် ဘားဂီးရားတို့ရှိတယ်။ သူတို့က မော်ဂလီကိုချစ်တယ်။
မော်ဂလီကိုလည် း တောနဲ့လိုက်အောင်၊ ဝံပုလွေအုပ်ထဲဝင်လို့ရအောင် သင်စရာရှိတာ အကုန်သင်ပေးခဲ့တယ်။ ဒါပေမဲ့ မော်ဂလီက လူ၊ လူဆိုတာ ဘယ်လောက်သင်သင် ဝံပုလွေနဲ့တော့တူလာမှာမဟုတ်ဘူး။ ဒါကို ဘာလူးသိတယ်။ ဘာလူးထက် ဘားဂီးရားကပိုသိတယ်။
တစ်ဖက်မှာလည်း ယုတ်မာတဲ့ ကျားကြီး ရှီးရားခန်းကလည်း တောရဲ့ စည်းကမ်းဖြစ်တဲ့ လူတွေရဲ့နွားကိုမသတ်ရဆိုတဲ့ စည်းကို ချိုးဖောက်နေတော့ လူတွေကလည်း နယ်မြေချဲ့လာကျပြီ။
တစ်ဖက်မှာလည်း ဝံပုလွေအုပ်ထဲကိုဝင်ခွင့်ရအောင်ကြိုးစားနေတဲ့ မော်ဂလီလေး။ ဘယ်လိုမျိုးဆက်ဖြစ်သွားမှာလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။
ဒီရုပ်ရှင်က တော်တော်လေးကို တန်တယ်လို့ဆိုရမယ်။ ဘာလို့လဲဆိုတော့ Cast တွေက အကုန်ဒိတ်ဒိတ်ကြဲ ဒါရိုက်တာကလည်း ခေသူမဟုတ်လို့ပါ။
ဝက်ဝံကြီး ဘာလူးအဖြစ် မင်းသား Andy Serkins (ဒါရိုက်တာလည်းသူပါပဲ။) ကျားသစ်နက် ဘားဂီးရားအဖြစ် မင်းသား Christian Bale စပါးအုံးမြွေ ကား အဖြစ် မင်းသမီး Cate Blanchett ရှီးရားခန်းအဖြစ် မင်းသား Benedict Cumberbatch မော်ဂလီအဖြစ်မင်းသား Rohan Chand တို့က ပါဝင်သရုပ်ဆောင်ထားတာမလို့ Cast အနေနဲ့က ပြီးပြည့်စုံပြီးသားလို့ရပါမယ်။ ခံစားကြည့်လိုက်ကြပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open