Warm Bodies ဇွန်ဘီးကားထဲက မင်းသား Nicholas Hoult ဦးဆောင်ပါဝင်ထားပြီး Xmen ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Bryan Singer ရိုက်ကူးထားတာမလို့ Fairy Tale ပုံပြင်ရုပ်ရှင်ဆိုပေမယ့် အက်ရှင်စွန့်စားခန်းတွေနဲ့ Animation တွေနဲ့မိုက်ပါတယ်။
လူ့ဘီလူးကြီးတွေနဲ့ချတဲ့အခန်းတွေ ပဲစေ့လေးကနေ အပင်ကြီးပေါက်လာပြီး စွန့်စားခန်းဖွင့်တာတွေ အကုန်လုံးရင်သပ်ရှုမောစရာကောင်းပါတယ်။
ဇာတ်လမ်းလေးကလဲ ပုံပြင်လေးလိုဆိုတော့ Fantasy ဆန်ဆန်လေး လှပပါတယ်။