တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ Lovers In Paris ဇာတ်လမ်းတွဲက မင်းသားကြီး Park Shin Yang နဲ့အတူ နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Kim Jung Tae, Uhm Ji Won နဲ့ Jung Hye Young တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်…။
ဇာတ်လမ်း အနှစ်ချုပ်ကိုပြောပေးရမယ်ဆို…
ဂွမ်ဟို (Park Shin Yang) ဟာဆိုရင် အင်အားကြီးမားတဲ့ဂိုဏ်းစတားအဖွဲ့က ဥက္ကဌကြီးရဲ့ ညာလက်ရုံးပဲ ဖြစ်ပါတယ်။
တစ်ရက်မှာတော့ ဂွမ်ဟိုဟာ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ကြုံတွေ့နေရလို့ နတ်ဝင်သည်ဆီ သွားပြီး သူ့ကို မကောင်းဆိုးဝါးနှင်ပေးဖို့ ပြောပါတော့တယ်။ ဒါပေမဲ့ နတ်ဝင်သည်ကြီးရဲ့ စကားအရ ဂွမ်ဟိုရဲ့ ကံကြမ္မာက လူတွေကို ကူပေးဖို့ နတ်ဝင်သည်ဖြစ်ရမယ့် ကံကြမ္မာဖြစ်ပါတယ်တဲ့။
ဂိုဏ်းစတားတစ်ယောက်က ဘယ်လိုလုပ် နတ်ဝင်သည်အဖြစ် နေနိုင်မှာလဲနော်…
ဒါပေမဲ့ ဂွမ်ဟိုလည်း မတတ်နိုင်တဲ့အဆုံး နတ်ဝင်သည်လုပ်လိုက်ရပါတော့တယ်။
လူတွေကိုရိုက်နှက်ရတဲ့အလုပ်ဖြစ်တဲ့ ဂိုဏ်းစတားအလုပ်၊ လူတွေကို ကူညီရတဲ့အလုပ်ဖြစ်တဲ့ နတ်ဝင်သည်အလုပ်…
ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဒီအလုပ်၂ခုကြားမှာ ဂွမ်ဟို ဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်ရှုခံစားကြည့်ပါနော်။
ဟာသလေးလည်းနှောထားတဲ့အတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်တဲ့သူတွေအတွက် သင့်လျော်တဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။