Romantic Comedy ကိုမှ အကြိုက်တွေ့သူများအတွက် Kang Ha-Neul နဲ့ Go Min-Si တို့ရဲ့ အချစ်ဟာသဒရမ်မာသစ်လေး ထွက်ရှိလို့လာပါပြီ။
- ဇာတ်လမ်းအကျဉ်း -
ဟန်ဘုမ်းအူ (Kang Ha-Neul) ကတော့ တောင်ကိုးရီးယား နံပါတ်တစ် စားသောက်ကုန်ကုမ္မဏီ 'ဟန်ဆန်း' ရဲ့ ဒါရိုက်တာဖြစ်ပြီး ဆိုးလ်မှာလည်း ကြယ်တစ်ပွင့်ရ fine dining စားသောက်ဆိုင် ဖွင့်ထားပါတယ်။
ကြယ်သုံးပွင့်ရ စားသောက်ဆိုင်ဖြစ်ဖို့အတွက် တခြား နာမည်ကြီးဆိုင်တွေက ချက်ပြုတ်နည်းကို ခိုးယူဖို့လည်း တွန့်ဆုတ်မနေတတ်သူပါ။
မိုယွန်းဂျူ (Go Min-Si) ကတော့ အရသာအပေါ် အစွဲအလမ်းကြီးတဲ့ ပါရမီရှင် စားဖိုမှူးဖြစ်ပြီး ဂျွန်ဂျူမှာ fine dining စားသောက်ဆိုင် 'ဂျောင်ဂျယ်' ကို တစ်ယောက်တည်း ဦးစီးနေတဲ့ သူဌေးဆိုလည်း ဟုတ်ပါတယ်။
ဒါပေမဲ့ ယွန်းဂျူက အကောင်းဆုံးသော ပါဝင်ပစ္စည်းတွေကိုမှ အသုံးပြုမယ်ဆိုတဲ့ ခံယူချက်မျိုးရှိတာကြောင့် သူ့စားသောက်ဆိုင်လေးက တစ်စ တစ်စချင်းစီ ယိမ်းယိုင်စပြုလာတဲ့အတွက် ယွန်းဂျူတစ်ယောက်လည်း စိတ်ပျက်အားလျော့နေတာပေါ့။
အဲဒီအချိန်မှာပဲ ဘုမ်းအူက ယွန်းဂျူရဲ့ ချက်ပြုတ်နည်းကို ရယူဖို့အတွက် ဂျောင်ဂျယ်စားသောက်ဆိုင်ကို လွှဲပြောင်းဝယ်ယူဖို့ စီစဉ်ပါတော့တယ်။
ဒီလိုနဲ့ သူတို့နှစ်ဦး ဂျောင်ဂျယ်စားသောက်ဆိုင်လေးကို အတူတူ လက်တွဲဦးစီးဖြစ်သွားတဲ့အခါမှာတော့...
ဖွယ်ဖွယ်ရာရာ ဟင်းလျာအစုံကိုလည်း ငေးမောခံစားရင်း ကြည့်ရှုရမဲ့ သူဌေးသားလေးနဲ့ စားဖိုမှူးမလေးတို့ရဲ့ ခါးခါးချိုချို အချစ်ဇာတ်လမ်းလေးကို အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း ပြသသွားမှာဖြစ်တာမို့လို့ မလွတ်တမ်း စောင့်ကြည့်ပေးကြပါဦး။
(အညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပါတယ်။)