ဒီဇာတ်လမ်းတွဲမှာ Lee Byung Hun, Kim Tae Ri, Yoo Yeon Seok, Byun Yo Han နဲ့ Kim Min Jung တို့လို ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေက အားပြိုင်ထားကြတာပါ။
၁၉ ရာစုနှောင်းပိုင်း ဂျပန်ရဲ့ ကျူးကျော်မှုကို စတင်ခံနေရတဲ့ ဂျိုဆွန်း (ကိုရီးယား) ခေတ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကျဉ်း ****
ငယ်စဉ်က ကျွန်မျိုးနွယ်ဘဝနဲ့ မိဘတွေ အသတ်ခံရတာကို မြင်တွေ့ခဲ့ရပြီး .. အမေရိကန်ကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ Choi Eugene (Lee Byung Hun)ဟာ နှစ်ပေါင်းများစွာအကြာမှာတော့ အမေရိကန် မရိန်းတပ်ဗိုလ်တစ်ဦးအဖြစ် ဂျိုဆွန်းမြေဆီကို တာဝန်နဲ့ ပြန်လာခဲ့ပါတယ်။
အဲဒီမှာ ဂျိုဆွန်းရဲ့ လွတ်လပ်ရေးအတွက် လျှို့ဝှက်တိုက်ပွဲဝင်နေတဲ့ မှူးမတ်မျိုးနွယ်သမီး Go Ae-shin (Kim Tae Ri) နဲ့ ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်မိတဲ့အခါမှာတော့...။
ဒီကားကို ဘာကြောင့်ကြည့်သင့်သလဲ?
ဒီဇာတ်လမ်းတွဲဟာ ရိုးရိုး Romance ထက်ပိုတဲ့ ကားပါ .. ပြင်းပြတဲ့ နိုင်ငံချစ်စိတ်၊ ခါးသီးတဲ့ လူတန်းစားခွဲခြားမှုနဲ့ ဇာတ်ကောင်တစ်ခုချင်းစီမှာပါတဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာတို့ကို အနုပညာမြောက်စွာ ဖော်ကျူးထားပါတယ်။
ရုပ်ရှင်အဆင့်မီ ရိုက်ချက်တွေကလည်း ပရိသတ်ကို ဇာတ်လမ်းထဲမှာ စီးမျောသွားစေမဲ့ကားကောင်းဖြစ်လို့ ကြည့်ရှုခံစားလိုက်ပါဦးနော် ..