Ad P1
Ad P2

Demolition Man (1993)

Premium By Shine Design With Shroff Templates
Poster
⭐️6.7


ပြစ်မှုတွေမရှိတော့တဲ့ ခေတ်ကာလတစ်ခုက တကယ်ပဲအေးချမ်းသွားလား ဆန်အန်ဂျလိစ်မြို့မှာ အအေးခန်းထောင်ဆိုတာ ဟိုးအရင်ကတည်းက ရာဇဝတ်သားတွေကို 0°အောက် အအေးခဲခန်းထဲထည့်၊ နှစ်တွေအကြာကြီး ပိတ်လှောင်ထားတယ်။
ဖြစ်ချင်တော့ တစ်နေ့မှာ ဆိုင်မွန်ဖီးနစ်ဆိုတဲ့ လူဆိုးတကောင်က ထောင်ထဲကနေ လွတ်သွားတယ်။ ဒီကောင်ကလဲ ဂန္တဝင် လူရမ်းကား လူသတ်သမား။ ဘာစည်းမှမရှိတဲ့ကောင်။
ဆန်အန်ဂျလိစ်မြို့တော်ဟာ ဖရုဿဝါစာ တခွန်းပြောမိရင်တောင် ဒဏ်ရိုက်ခံရတဲ့အထိ အေးဆေးနေကြပါတယ်။ သေနတ်တောင် ပြတိုက်မှာသွားကြည့်မှ မြင်ရတာပါ။
ဒီလိုမြို့ထဲကို ဖီးနစ်က သေနတ်တွေနဲ့ ရှယ်သောင်းကျန်းတော့ အကြမ်းဖက်မှုကိုမကြုံဖူးတဲ့ ရဲတပ်ဖွဲ့ဟာ ဘာလုပ်ရမှန်းမသိတဲ့နောက် ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ဖီးနစ်ရဲ့ ရန်သူတော်ဟောင်းကြီး၊ ဖီးနစ်ကို ဖမ်းဖို့၂နှစ်တိုင် ကြိုးစားခဲ့တဲ့ ရဲစုံထောက်ဟောင်း ဂျွန်စပါတန်ကို အအေးခန်းထဲကထုတ်၊ အသက်ပြန်သွင်းပြီး ဖီးနစ်ကို လိုက်ဖမ်းခိုင်းပါတယ်။
၂၀ ရာစုနှစ်သားဖြစ်တဲ့ စပါတန်ဟာ နိုးထလာချိန်မှာ ၂၁ ရာစုကို ရောက်နေပြီး ပြောင်းလဲသွားတဲ့ မြို့ရဲ့အထာတွေကို နားမလည်တော့ပါဘူး။ ဆန်အန်ဂျလိစ်မြို့ဟာ တကယ်ပဲ ငြိမ်းချမ်းတယ်လို့ထင်ရပေမယ့် မြောက်ကိုရီးယားလို ပိတ်ဆို့ခံရတာဖြစ်ပြီး လိင်မဆက်ဆံရ၊ ကိုယ်ဝန်မယူရ၊ နမ်းခွင့်တောင်မရှိတဲ့ ကန့်သတ်ချက်တွေကြားမှာ မသိနားမလည်ပဲ ပျော်နေကြတာပါ။
စပါတန်ဟာ ဖီးနစ်ကို ဖမ်းဖို့ကတဖက် brainwash ခံထားရတဲ့ မြို့သားတွေကို လမ်းပြချင်တာကဖက် မြေအောက်ဂိုဏ်းတွေရဲ့ ဆူပူမှုကတဖက်နဲ့ ဗျာများနေရတဲ့ကြားမှာ သူ့ရဲ့ တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား၊ သူ့ကို ကူညီမယ့်လူရော ရှိပါ့မလား၊
အခက်အခဲတွေကို သူဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး ကြမ်းကြမ်းရမ်းရမ်း အက်ရှင် ခန်းတွေနဲ့ ဖိုက်တင်ဆရာကြီး Stallone၊ Blade မင်းသားကြီး Wesley Snipe နဲ့ မင်းသမီး Sandra Bullock တို့အပြင် ဗဟုသုတရဖွယ် အဆဲပေါင်းစုံကိုလဲ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open