အဲ့ဒါတွေအားလုံးဟာ နီကန်ရဲ့ညီမ ဖြစ်သူစေ့စပ်လိုက်တဲ့အချိန်မှာတော့ အရာရာပြောင်းလဲသွားပါတော့တယ်။ အရှေ့တိုင်းထုံးစံ အကြီးရဲ့အရင် အငယ်က လက်မထပ်ကောင်းဘူးဆိုတဲ့ အယူအဆကစပြီး မိခင်ဖြစ်သူရဲ့ဖိအား၊ ပတ်ဝန်းကျင်ရဲ့မေးခွန်းတွေကြောင့် အိမ်ထောင်ရေးကို စိတ်မဝင်စားခဲ့တဲ့သူဟာသူ့ညီမထက်အရင် သူအရင်လက်ထပ်ရအောင်ကြံစည်ရပါတော့တယ်။
ဒီလိုအချိန်မှာ သူ့ရဲ့လက်ရှိချစ်သူကို စိတ်ပျက်စပြုလာပြီး တစ်ခုပြီးတစ်ခု ဆက်တိုက်အပြစ်မြင်လာချိန်မှာ သူ့ရဲ့ငယ်ချစ်ဦးဖြစ်တဲ့ ဂယ်ရီက သူ့ဘ၀ထဲကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ ဇာတ်လမ်းက ရှုပ်ပြီးရင်းရှုပ်ဖို့ဖြစ်လာပါတော့တယ်။
ရိုးရှင်းတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲမှာမှ အရွယ်ရောက်လာရတဲ့ ဘ၀၊ အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ မှာ ရင်ဆိုင်ရတဲ့စံသတ်မှတ်ချက်တွေ၊ ပတ်ဝန်းကျင်ရဲ့အမြင်တွေ ဖိအားတွေအကြောင်းကို အတင်းလုပ်ယူမထားပဲ ပေါ့ပေါ့ပါးပါးထည့်သွင်းထားပြီးတင်ဆက်ပုံ သရုပ်ဆောင်တွေကလည်း သဘာ၀ကျပြီး ချစ်စရာကောင်းတဲ့ နွေးထွေးမှုကို ခံစားရမယ့် Feel-Good Romance-Dramaကားကောင်းတစ်ကားဖြစ်ပါတယ်။