အခုလည်းအလုပ်ထပ်ပြုတ်လို့LiftဆီမှာFreelancerလုပ်ရင်းကားမောင်းပြီးလိုက်ပို့တဲ့အလုပ်ကိုစလုပ်ကြည့်ပါတယ် ဒါပေမဲ့“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုသလို မောင်းနေတဲ့ကားစုတ်လေးပါရုတ်တရက်ပျက်သွားလို့ မရှိမဲ့ရှိမဲ့အလုပ်လေးတောင်ဆက်မလုပ်နိုင်တော့ပါဘူး
ကိုယ့်ကိုကိုယ်ဝင်ငွေမရှိရင်ချစ်သူနဲ့ပါ အတူမနေနိုင်တော့ဘဲအိမ်ခြေရာမဲ့ဖြစ်ရတော့မယ်ဆိုပြီးစိတ်ညစ်နေတုန်း သူ့ချစ်သူရဲ့သူငယ်ချင်းတစ်ယောက်ကဇာတိမြို့ကိုပြန်ရင်၃လလောက်ကြာမှာဖြစ်လို့ သူတို့ကို သူ့ကားပေးထားခဲ့ပါတော့တယ်
ကားပျက်နေလို့အလုပ်ဆက်မလုပ်နိုင်တဲ့Jeffလည်;သူ့ဘဝမှာပထမဆုံးကံကောင်းမှုဖြစ်လာတဲ့ကားကိုယူမောင်းရင်းထင်မှတ်မထားတဲ့ ကုသိုလ်ကံအကျိုးပေးတွေပါ အဲ့ဒီကားထဲမှာ ဖြစ်ပျက်လာပါတော့တယ်
သူတို့ချက်ချင်းအကျိုးပေးတဲ့ကံကောင်းမှုနောက်ကွယ်က အကြောင်းရင်းကို ဂျက်နဲ့သူချစ်သူတို့ နောက်ဆုံးရှာတွေ့နိုင်မှာလား အဲ့ဒီကားရဲ့လျို့ဝှက်ချက်ကရောဘာဖြစ်နိုင်မလဲ