ဒီဇာတ်လမ်းတွဲမှာတော့ တစ်ခေတ်တစ်ခါက ဂျူမုံအဖြစ် ပရိသတ်တွေ ရင်းနှီးခဲ့တဲ့ မင်းသားကြီး Song Il-gook နဲ့ A Gentleman's Dignity, The Slave Hunters အစရှိတဲ့ ဇာတ်ကားများထဲမှ မင်းသားကြီး Lee Jong-hyuk တို့က အဓိက အားပြိုင်သရုပ်ဆောင်ထားပြီး Running Man ရဲ့ Ace မင်းသမီးလေး Song Ji-hyo ကတော့ သတင်းထောက်အဖြစ် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်း **
ဒီဇာတ်လမ်းတွဲလေးကတော့ ဖြစ်ရပ်မှန် မှုခင်းတွေကို အခြေခံထားတဲ့ ဆိုးလ်မြို့ ဂန်းနမ်ရဲစခန်း ရာဇဝတ်မှုနှိမ်နှင်းရေးဌာနက စုံထောက်တစ်စု အကြောင်းကို ရိုက်ကူးထားတဲ့ ဒရာမာလေးပဲ ဖြစ်ပါတယ်။
အဖွဲ့ထဲမှာ စိတ်မြန်လက်မြန်လုပ်တတ်တဲ့ စုံထောက် ဘတ်ဆယ်ဟျော့နဲ့ အေးစက်တည်ငြိမ်ပြီး အမိန့်အာဏာပြင်းတဲ့ ရဲမှူး ဂျောင်အီဒိုတို့ ရှိကြပါတယ်။
ဘာမှမတွေးဘဲနဲ့ အရင် လုပ်တတ်တဲ့ ဆယ်ဟျော့ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်တတ်တဲ့ အကျင့်ဆိုးတွေကြောင့် စည်းကမ်းကြီးပြီး နည်းစနစ်အတိုင်း တိကျလှတဲ့ သူရဲ့ အထက်လူကြီး အီဒိုနဲ့ အမြဲတမ်း ထိပ်တိုက်တွေ့လေ့ရှိပါတယ်။
ဒါတင်မကသေးဘဲ သူတို့ နှစ်ယောက်ကြားမှာ နာကျင်စရာ အတိတ်တစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဇွဲကောင်းလှတဲ့ သတင်းထောက်မလေး ဂျိုမင်ဂျူနဲ့အတူ အကျင့်စရိုက်ချင်း မတူညီတဲ့ ရာဇဝတ်မှု နှိမ်နှင်းရေးအဖွဲ့ဝင်တွေတို့ သဘောထားကွဲလွဲမှုတွေကို ကျော်လွှားရင်း ရာဇဝတ်မှုတွေကို ဘယ်လို ပူးပေါင်း ဖြေရှင်းသွားကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုလိုက်ပါဦးနော်။