Ad P1
Ad P2

Our Universe (2026)

Premium By Shine Design With Shroff Templates
Poster
⭐️8.9


ဒီတစ်‌ခေါက်မှာတော့ "Cheer Up" ဇာတ်ကားမှ မင်းသား Bae In Hyuk, "Crushology 101" ဇာတ်ကားမှ
မင်းသမီး Roh Jeong Eui နဲ့ "Semantic Error" မှ မင်းသား Park Seo Ham, ကလေးလေး Park Yu Ho တို့
အဓိကပါဝင်ထားတဲ့ အချစ်ဟာသဇာတ်ကားသစ်လေးက ပရိသတ်တွေဆီကို ရောက်ရှိလာပါပြီ။

ဇာတ်လမ်းကတော့

ဆွန်းထယ်ဟျောင်း (Bae In Hyuk) ဟာ အပြင်ပန်းကြည့်ရင် အေးတိအေးစက်နိုင်ပေမဲ့ စိတ်ရင်းနွေးထွေးတဲ့ လက်ထောက်ဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး အူဟျွန်းဂျင် (Roh Jeong Eui) ကတော့ သာမန်ဘဝလေးတစ်ခုကို ပိုင်ဆိုင်ချင်တဲ့ အလုပ်ရှာဖွေနေသူပဲ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ ခမည်းခမက်တော်စပ်ကြပေမဲ့ တွေ့လိုက်တာနဲ့ တကျက်ကျက်ရန်ဖြစ်နေကြသူတွေပါ။ ဒါပေမဲ့ တစ်နေ့မှာ မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ထယ်ဟျောင်းရဲ့ အစ်ကိုနဲ့ ဟျွန်းဂျင်ရဲ့ အစ်မတို့ ဆုံးပါးသွားပြီး ကျန်ရစ်ခဲ့တဲ့ ၂၀ လသားအရွယ် သူတို့ရဲ့ တူလေး ဆွန်းအူဂျူ (Park Yu Ho) ကို ပြုစုစောင့်ရှောက်ဖို့အတွက် ထယ်ဟျောင်းနဲ့ ဟျွန်းဂျင်တို့ဟာ တစ်အိမ်တည်းမှာ မတည့်အတူ နေကြရပါတော့တယ်။
ကလေးထိန်းရတဲ့ အခက်အခဲတွေကို အတူတူရင်ဆိုင်ပြီး သူတို့ကြားက နားလည်မှုလွဲတာတွေကို ဖြေရှင်းရင်း သံယောဇဉ်တွေ ဘယ်လိုကြီးထွားလာမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်လို့ အပတ်စဉ် စောင့်ကြည့်လိုက်ကြပါဦးနော်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open