Ad P1
Ad P2

Shot Caller (2017)

Premium By Shine Design With Shroff Templates
Poster
⭐️6.9


ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ် နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။

ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင် မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက် တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလို တစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။
အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှ ပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်း မဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။
ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။
ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင် လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကို ပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်း မိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။
(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open