အဲ့ဒီစိတ္တဇသမားတွေလက်ကလွတ်အောင်ပြေးရင်း တစ်ဖြည်းဖြည်း သူတို့သိလာတာကတော့ ဒီလူတွေဟာ The voice ဆိုတဲ့ ဘာသာရေးဂိုဏ်းဝင်တွေဖြစ်ပြီးကမ္ဘာပျက်တော့မှာဖြစ်တဲ့အတွက် လူတွေကိုသတ်ဖြတ်ခြင်းကသာ သူတို့ဝိဉာဉ်ကိုကယ်တင်ရာရောက်တယ်လို့ယူဆပြီးsave လုပ်တဲ့အနေနဲ့လိုက်သတ်ကြတာဖြစ်ပါတယ်။ ကယ်တင်ခြင်းမခံရတဲ့သူတွေရဲ့ခန္ဓာတွေကိုတော့ မိစ္ဆာတွေကဝင်ရောက်ပူးကပ်မှာလို့သူတို့က ယုံကြည်ထားကြပါတယ်။
End of the Line ဟာဟောလိဝုဒ် Blockbuster ကားကြီးတွေလို ဝင်ငွေအမြောက်အမြားမဝင်ခဲ့ပေမယ့် cult classic ဇာတ်ကားတစ်ကားပါ။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရခဲ့ပြီး ဟော်ရာပရိသတ်တွေကြားမှာ နာမည်ကြီးသွားခဲ့ပါတယ်။
CGI ထက် Practical Effects အမိုက်စားတွေသုံးထားသလိုမွန်းစတားတွေကိုဖန်တီးထားတဲ့ပုံကလည်းအတော်မိုက်ပါတယ်။ အထူးသဖြင့် ဇာတ်သိမ်းခန်းလှည့်ကွက်က wtf ဆိုပြီးဖြစ်ရလောက်တဲ့အထိ ပရိသတ်အတွက်အငြင်းပွားစရာတွေးစရာတွေ ချန်ထားနိုင်ခဲ့တဲ့ Hidden Gem နောက်တစ်ကားပါပဲ။