Ad P1
Ad P2

Vanished (2026)

Premium By Shine Design With Shroff Templates
Poster
⭐️6.0


Season 01 (1မှ4) ဇာတ်လမ်းတွဲလေးကတော့ ဒီနှစ်ထဲထွက်ထားတဲ့ Mystery Thriller အခွေတိုလေးပါပဲ။
စုစုပေါင်း ၄ ပိုင်းပဲ ပါလို့ အချိန်သိပ်မပေးရဘဲ ဇာတ်လမ်းအသွားအလာ မြန်မြန်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရပါတယ်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းထဲမှာ မင်းသမီး Alice (Kaley Cuoco) နဲ့ သူ့ရည်းစား Tom (Sam Claflin) တို့က Paris ကို အချစ်ခရီးထွက်လာကြတာပါ။ အစပိုင်းမှာတော့ ဘာမှမဖြစ်ဘဲ ကြည်နူးစရာကောင်းနေပေမဲ့ ပြင်သစ်တောင်ဘက်ပိုင်းကို ရထားစီးပြီး ခရီးဆက်တဲ့အခါမှာတော့ ပြဿနာစတက်ပါလေရော။
ရထားပေါ်မှာတင် ရည်းစားဖြစ်သူ Tom က ရုတ်တရက်ကြီး ပျောက်သွားပါတယ်။ Alice ခင်မျာလည်း ဘာဖြစ်လို့ဖြစ်မှန်းမသိ၊ ဘာလုပ်ရမှန်းမသိနဲ့ ယောင်ချာချာဖြစ်ကျန်ခဲ့တာပေါ့။ ရဲတွေကလည်း ကူညီပေးဖို့ သိပ်စိတ်မပါကြတော့ Alice ကိုယ်တိုင်ပဲ လိုက်စုံစမ်းရတော့တယ်။
ဒီလိုနဲ့ လိုက်စုံစမ်းရင်းမှ သူ့ရည်းစား Tom က သာမန်လူမဟုတ်ဘဲ လျှို့ဝှက်ချက်တွေအများကြီးရှိနေတဲ့ လူတစ်ယောက်ဖြစ်နေမှန်း သိလာရတယ်။ Alice တစ်ယောက် အမှန်တရားကို ရှာဖွေရင်းနဲ့ အန္တရာယ်တွေကြားထဲ ဘယ်လိုရောက်သွားမလဲ၊ Tom ကရော ဘယ်သူလဲ၊ တကယ်ပဲ ပျောက်သွားတာလား၊ လုပ်ကြံခံရတာလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။
Big Bang Theory ထဲက မင်းသမီး Kaley Cuoco နဲ့ Me Before You မင်းသား Sam Claflin တို့ ပါထားတော့ သရုပ်ဆောင်ပိုင်းကရှယ်ပဲ။ Plot Twist တွေလည်း ပါတာမို့လို့ သည်းထိတ်ရင်ဖို ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့် ကားကောင်းလေးပါပဲဗျာ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open