Ad P1
Ad P2

Basic (2003)

Premium By Shine Design With Shroff Templates
Poster
⭐️6.4


ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

~ ဇာတ်လမ်းအကျဉ်း ~

တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။
တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။
မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။
ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး အခြေစိုက်စခန်းကနေသွားပြန်ခေါ်တဲ့အချိန်မှာ ထွက်သွားခဲ့တဲ့တပ်ကြပ်ကြီးဝက်စ်အပြင် ပါသွားတဲ့ရိန်းဂျားခြောက်ယောက်ထဲက သုံး ယောက်ပါ အသေပျောက်ပျောက်သွားပါတယ်။ ကျန်ခဲ့တဲ့သုံးယောက်ထဲမှာ နှစ်ယောက်က အချင်းချင်းပစ်နေပြီးတော့ တစ်ယောက်ကသေ တစ်ယောက်က သေနတ်ဒဏ်ရာရပြီး နောက်ဆုံးကျန်တဲ့ ဒန်ဘာဆိုတဲ့ရိန်းဂျားကနေ သေနတ်ပစ်ခံထားရတဲ့တစ်ယောက်ကို ပြန်ခေါ်လာခဲ့ရပါတယ်။
ဒါပေမဲ့ အခြေစိုက်စခန်းကိုပြန်ရောက်တဲ့အချိန် ဒန်ဘာ့ကို မေးမြန်းတဲ့အခါမှာ ဘာတစ်ခွန်းမှပြန်ဖြေဘဲ အခုစစ်ဆင်ရေးထဲမပါသွားတဲ့ ရိန်းဂျားဟောင်းတစ်ယောက်ကိုခေါ်ပေးမှပဲ မေးတာတွေဖြေပေးမယ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တွမ်ဟာဒီရဲ့ဇာတ်ဝင်ခန်းရောက်ရှိလာခဲ့ပြီး ဟာဒီတစ်ယောက် ရှုပ်ထွေးမှုပေါင်းများစွာပြည့်နှက်နေတဲ့ လူသတ်မှု၊ သေကြေပျောက်ဆုံးမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open