Ad P1
Ad P2

Mr. Housewife: Quiz King (2005)

Premium By Shine Design With Shroff Templates
Poster
⭐️6.4


Dr.Romatic စီးရီးတွေထဲက မင်းသားကြီး Han Suk Kyu နဲ့ Penthouse ထဲက မင်းသမီးကြီး Shin Eun Kyung တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဒရမ်မာ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
များသာအားဖြင့်မိသားစုတစ်ခုမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ် ပိုက်ဆံရှာ၊ ဇနီးဖြစ်သူက အိမ်ထောင်ထိန်းသိမ်း လုပ်ကြပေမဲ့ နှစ်ဦးစလုံးအလုပ်လုပ်ကြတဲ့ အိမ်ထောင်စုတွေ....
ဇနီး‌‌ဖြစ်သူက အလုပ်ထွက်လုပ်ပြီး ခင်ပွန်းဖြစ်သူက အိမ်အလုပ်လုပ်ကြတဲ့ မိသားစုတွေလည်း ရှိကြပါတယ်
အိမ်ထောင်ရှင်အမျိုးသား အမျိုးသမီးတွေဟာ နားရက်မရှိ တစ်နှစ်ပတ်လုံး ပင်ပန်းရင်တောင် မညည်းညူဘဲ အိမ်မှုကိစ္စအဝဝကို လုပ်ဆောင်ပေးကြပေမဲ့ အသိအမှတ်အပြု မခံကြရတာများပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာလည်း အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ရဲ့ ဘဝအကြောင်းကို ပုံဖော်ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း ***

ဂျိုဂျင်မန်ဟာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူ အီဆူဟီးကတော့ ရုပ်သံလွှင့်ရုံတစ်ခုက အစီအစဉ်တင်ဆက်သူပါ။
သမီးလေး မွေးပြီးနောက်ပိုင်း အီဆူဟီးက အလုပ်ပြန်ဝင်လုပ်ခဲ့ပေမဲ့ ဂျိုဂျင်မန်ကတော့ အလုပ်ထွက်ပြီး အိမ်မှာပဲနေထိုင်ကာ သမီးလေးကို ပြုစု စောင့်ရှောက် အိမ်အလုပ်တွေလုပ်ရင်း အိမ်ထောင်ရှင်အမျိုးသား အဖြစ်နဲ့ နေထိုင်ခဲ့ပါတယ်။
အလုပ်မရှိဘဲ အိမ်မှာပဲနေတဲ့သူဆိုပြီး အပေါင်းအသင်းတချို့က နှိမ်ကြပေမဲ့ ဂျိုဂျင်မန်တစ်ယောက် အိမ်ထောင်ရှင်အမျိုးသားအဖြစ် ကျေကျေနပ်နပ် ခံယူရင်း နေထိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ငွေကြေးပြဿနာတစ်ခုရင်ဆိုင်ရတဲ့အခါမှာတော့ ဆုကြေးငွေလိုချင်တာကြောင့် "အိမ်ထောင်ရှင်မများ ဉာဏ်စမ်းပဟေဠိဘုရင်"ဆိုတဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတော့တယ်။
ဂျိုဂျင်မန်တစ်ယောက် လိုချင်တဲ့ဆုကြေးငွေကို ရရှိသွားနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးရှင်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open