ဒန်နီရယ်ဆိုတဲ့ စစ်ပြန်ဟာ အငြိမ်းစားယူပြီး သူ့သမီးနဲ့ မိန်းမနဲ့မိသားစုကို အချိန်ပေးတော့မယ်ဆိုပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။ သမီးဖြစ်သူ ကောလိပ်တက်ရမယ့်အရွယ်ရောက်ပြီဖြစ်လို့ သမီးကိုကောလိပ်လိုက်အပ်ပေးရင်း မသွားခင် သားအဖ ၂ ယောက်လမ်းမှာ ကမ်ပိန်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ သူတို့ရောက်သွားတဲ့နေရာဟာ အမျိုးသမီးငယ်တွေကို ဖမ်းဆီးပြီး သားဖောက်ခိုင်းတဲ့ လူမိုက်ဂိုဏ်းတွေနေထိုင်ရာ ကျွန်းတစ်ကျွန်းဖြစ်နေတာပါပဲ။ ဒန်နီနဲ့ သမီးဖြစ်သူတို့ ကမ်ပိန်းချနေတုန်းမှာပဲ သမီးဖြစ်သူကို ကျွန်းခေါင်းဆောင်က အင်အားသုံးလာဖမ်းဆီးသွားပြီး အဖေဖြစ်သူကို နှိပ်စက်ပြီးရေထဲပစ်ချလိုက်ပါတယ်။
ဒါပေမဲ့ သူတို့ပြဿနာရှာမိလိုက်တဲ့ ဒန်နီရယ်ဆိုတဲ့လူက အမေရိကန်လက်ရွေးစင် မရိန်းတပ်သားဟောင်းဖြစ်နေတာကိုတော့ မသိလိုက်တာပါပဲ။ သမီးဖြစ်သူကို ပြန်ကယ်တင်ပြီး အပြန်လမ်းမရှိတဲ့ကျွန်းကနေထွက်ဖို့အတွက် ဒန်နီရယ်ရဲ့ နွေးထွေးတဲ့ဖခင်ပုံစံကနေ ဂျွန်ဝစ်လို လူကြမ်းကြီးတစ်ယောက်ဖြစ်သွားတာကို အက်ရှင်အပြည့်နဲ့ ကြည့်ရမယ့် ကားကောင်းလေးဖြစ်ပါတယ်။